ဗျာ​ဒိတ် 16:2-8 BJB

2 ပဋ္ဌမသူသည် သွား၍မိမိဖလားကို မြေကြီးပေါ်သို့ သွန်းလောင်းလျှင်၊ သားရဲ၏တံဆိပ်လက်မှတ်ကို ခံ၍ သူ၏ရုပ်တုကို ကိုးကွယ်သော လူတို့၌ အလွန်ဆိုးသော အနာစိမ်းပေါက်လေ၏။

3 ဒုတိယကောင်းကင်တမန်သည် မိမိဖလားကို ပင်လယ်ပေါ်သို့ သွန်းလောင်းလျှင်၊ ပင်လယ်သည် လူသေ၏ အသွေးကဲ့သို့သော အသွေးဖြစ်၏။ ပင်လယ်၌ အသက်ရှင်သော သတ္တဝါအပေါင်းတို့သည် သေကြ၏။

4 တတိယကောင်းကင်တမန်သည် မိမိဖလားကို မြစ်ပေါ်သို့၎င်း၊ စမ်းရေတွင်းပေါ်သို့၎င်း သွန်းလောင်းလျှင် ထိုအရာတို့သည် အသွေးဖြစ်ကြ၏။

5 ကောင်းကင်တမန်ကလည်း၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလ အစဉ်ရှိတော်မူသော အရှင်၊ ကိုယ်တော် သည် ဤသို့ တရားစီရင်တော်မူသည်အမှုမှာ ဖြောင့်မတ် တော်မူ၏။

6 ထိုသူတို့သည် သန့်ရှင်းသူတို့၏ အသွေး၊ ပရောဖက်တို့၏ အသွေးကို သွန်းလောင်းကြသည်ဖြစ်၍၊ သူတို့အား အသွေးကို တိုက်တော်မူပြီ။ သူတို့လည်း ခံထိုက်ကြပါ၏ဟု လျှောက်ဆိုသည်ကို ငါကြား၏။

7 ယဇ်ပလ္လင်ကလည်း၊ မှန်ပါ၏။ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်၊ ကိုယ် တော်စီရင်တော်မူခြင်း အရာတို့သည် ဟုတ်မှန်ဖြောင့်မတ် ကြပါ၏ဟု လျှောက်ဆိုသောအသံကို ငါကြား၏။

8 စတုတ္ထကောင်းကင်တမန်သည် မိမိဖလားကို နေပေါ်သို့ သွန်းလောင်းလျှင်၊ နေသည်လူတို့ကို မီးလောင် ရသော အခွင့်ကိုရ၏။