1 ထိုနောက်မှ ကောင်းကင်တမန် တပါးသည် ကြီးစွာသော တန်ခိုးနှင့်ပြည့်စုံ၍ ကောင်းကင်က ဆင်းသက်သည်ကို ငါမြင်၏။ သူ၏ ရောင်ခြည်အားဖြင့် မြေကြီးထွန်းလင်းလျက်ရှိ၏။
2 သူသည်ကျယ်သောအသံနှင့် ကြွေးကြော်၍၊ ဗာဗုလုန်မြို့ကြီးပြိုလဲပြီ။ ပြိုလဲပြီ။ နတ်ဆိုးနေရာ ဖြစ်လေ ပြီ။ ညစ်ညူးသော ဝိညာဉ်မျိုး၏ တွင်းဖြစ်လေပြီ။ ညစ်ညူး၍ စက်ဆုပ်ဘွယ်သော ငှက်မျိုး၏ မှီခိုရာ ဖြစ်လေပြီ။
3 အကြောင်းမူကား၊ လူမျိုးအပေါင်းတို့သည် သူ၏ မတရားသော မေထုန်၏ အဆိပ်အတောက်တည်းဟူ သော စပျစ်ရည်ကိုသောက်ကြပြီ။ လောကီရှင်ဘုရင်တို့သည် မတရားသော မေထုန်ကို သူနှင့်ပြုကြပြီ။ လောကီကုန်သည်တို့သည် သူ၏ ကာမဂုဏ်စည်းစိမ် ကြွယ်ဝခြင်းအားဖြင့် ဥစ္စာရတတ်ကြပြီဟု ပြောဆို၏။
4 အခြားသော ကောင်းကင်အသံကား၊ ငါ၏ လူမျိုးတို့၊ သူ၏ အပြစ်တို့ကို ဆက်ဆံခြင်းနှင့်၎င်း၊ သူ၏ ဘေးဒဏ်များကို ခံခြင်းနှင့်၎င်း၊ ကင်းလွတ်အံ့သောငှါ၊ သူ၏အထဲကထွက်ကြလော့။
5 သူ၏အပြစ်တို့သည် ကောင်းကင်ဘုံတိုင်အောင် မှီကြသည်ဖြစ်၍၊ သူ၏မတရားသောအမှုတို့ကို ဘုရား သခင် သတိရတော်မူပြီ။
6 သူသည် အကျိုးအပြစ်ကို ဆပ်ပေးသည်နည်းတူ သူ၌ ဆပ်ပေးကြလော့။ သူ၏အကျင့်အတိုင်း နှစ်ဆထပ်၍ စီရင်ကြလော့။ သူလောင်းသော ဖလား၌ သူ့အဘို့ နှစ်ဆတိုး၍ လောင်းကြလော့။