ဗျာ​ဒိတ် 22:1-6 BJB

1 တဖန် ၊ ကျောက်သလင်းကဲ့သို့ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အား ပြလေ၏။

2 မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီးကိုလည်း လတိုင်းပေတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါငြိမ်းစရာတို့ဖြစ်၏။

3 နောက်တဖန် ကျိန်ခြင်းဘေးတစုံတခုမျှမရှိ။ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ ပလ္လင်တော်ရှိ၍ ဘုရားသခင်၏ ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။

4 မျက်နှာတော်ကိုမြင်ရ၍ သူတို့နဖူး၌လည်း နာမတော်ရေးထား လျက်ရှိလိမ့်မည်။

5 ထိုမြို့၌ညဉ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏ အရောင်ကိုလည်း အလိုမရှိ။ အကြောင်းမူကား၊ ထာဝရ အရှင်ဘုရားသခင်သည် သူတို့၌ ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရ ကြလတံ့။

6 ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သော စကားဖြစ်၏။ ပရောဖက်တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည်၊ ကာလမကြာမမြင့်မှီဖြစ်ရမည် အမှုအရာများကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။