ဗျာ​ဒိတ် 5:3-9 BJB

3 ထိုစာစောင်ကိုဖွင့်၍ကြည့်ခြင်းငှါ ကောင်းကင်၊ မြေကြီး၊ မြေကြီးအောက်၌ အဘယ်သူမျှမတတ်နိုင်။ ထိုစာစောင်ကိုဖွင့်၍ ကြည့်ထိုက်သောသူ တယောက်ကိုမျှ ရှာ၍မတွေ့သောကြောင့်၊ ငါသည် များစွာငိုကြွေးလေ၏။

4 ထိုအခါအသက်ကြီးသောသူတပါးက၊ မငိုကြွေးနှင့်၊ ယုဒအမျိုး ခြင်္သေ့သတည်းဟူသော ဒါဝိဒ်၏။ အမြစ်သည် ထိုစာစောင်ကို၎င်း၊

5 တံဆိပ် ခုနစ် ချက်တို့ကို၎င်း၊ ဖွင့်ခြင်းငှါ အောင်မြင်လေပြီဟု ငါ့ကို ပြောဆို၏။

6 ထိုအခါပလ္လင်တော်မှစသော သတ္တဝါလေးပါး နှင့်အသက်ကြီး သူတို့အလယ်၌၊ အသေသတ်ပြီးသကဲ့သို့သော သိုးသငယ်သည် ရပ်လျက်ရှိသည်ကို ငါမြင်၏။ ထိုသိုးသငယ်သည် မြေကြီးတပြင်လုံး၌ လွှတ်သော ဘုရားသခင်၏ ဝိညာဉ်ခုနစ်ပါးတည်းဟူသော မျက်စိ ခုနစ်လုံးနှင့် ချိုခုနစ်ချောင်းရှိ၏။

7 သူသည်လာ၍ ပလ္လင်တော်ပေါ်မှာထိုင်တော်မူသော သူ၏ လက်ျာလက်မှစာစောင်ကို ခံယူလေ၏။

8 ထိုစာစောင်ကိုခံယူသောအခါ၊ သတ္တဝါလေးပါးနှင့် အသက်ကြီးသူနှစ်ဆယ်လေးပါးတို့သည်၊ သန့်ရှင်းသူတို့၏ ပဌနာတည်းဟူသောမီးရှို့ရာ နံ့သာပေါင်းနှင့် ပြည့်သော ရွှေဖလားတို့ကို၎င်း၊ စောင်းတို့ကို၎င်း၊ အသီးသီးကိုင်၍ သိုးသငယ်ရှေ့၌ပြပ်ဝပ်လျက်၊

9 ကိုယ်တော်သည် အသေသတ်ခြင်းကို ခံတော် မူသောအားဖြင့်၊ အသီးအသီးဘာသာစကားကို ပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှ အကျွန်ုပ်တို့ကိုယူ၍၊ အသွေးတော်နှင့် ဘုရား သခင်အဘို့ ရွေးနှုတ်တော်မူ၏။