မဿဲ 12:3-9 BJB

3 ကိုယ်တော်က ဒါဝိဒ်သည် မိမိအဘော်တို့နှင့်တကွ မွတ်သိပ်သောအခါ၊

4 ဘုရားသခင်၏ အိမ်တော်သို့ဝင်၍ မိမိမစားအပ်၊ မိမိအဘော်မစားအပ်၊ ယဇ်ပုရောဟိတ်တို့သာ စား အပ်သော ရှေ့တော်မုန့်ကို စားသည်အကြောင်းကို သင်တို့သည် မဘတ်ဘူးသလော။

5 ယဇ်ပုရောဟိတ်တို့သည်လည်း ဗိမာန်တော်တွင်ဥပုသ်နေ့၌ဥပုသ်ပျက်သော်လည်း၊ မပြစ်မသင့်သည်ကို ပညတ္တိကျမ်း၌ မဘတ်ဘူးသလော။

6 ငါဆိုသည်ကား၊ ဤအရပ်၌ ဗိမာန်တော်ထက်သာ၍ ကြီးမြတ်သောအရာရှိ၏။

7 ယဇ်ပူဇော်ခြင်းအကျင့်ထက် သနားခြင်းကရုဏာအကျင့်ကို ငါနှစ်သက်၏ဟူသော ကျမ်းစကားကို သင်တို့သည် နားလည်လျှင်၊ အပြစ်ကင်းသောသူတို့ကို အပြစ်မတင် မစီရင်ကြပြီ။

8 လူသားသည် ဥပုသ်နေ့ကို အစိုးရသည်ဟု မိန့်တော်မူ၏။

9 ထိုအရပ်မှ ကြွ၍ တရားစရပ်သို့ ဝင်တော်မူ၏။ လက်တဘက်သေသော သူတယောက်ရှိသည်ဖြစ်၍၊