မဿဲ 16:1-7 BJB

1 ထိုအခါ ဖာရိရှဲနှင့်ဇဒ္ဒုကဲတို့သည် ကိုယ်တော်ကို စုံစမ်းနှောင့်ရှက်ခြင်းငှာချဉ်းကပ်၍၊ မိုဃ်းကောင်းကင် ကဖြစ်သော နိမိတ်လက္ခဏာကို ပြတော်မူမည်အကြောင်း တောင်းပန်ကြ၏။

2 ကိုယ်တော်ကလည်း၊ သင်တို့သည် ညဦးယံ၌ပြောဆိုတတ်သည်ကား၊ ယခုမိုဃ်းတိမ်နီသည်ဖြစ်၍ မိုဃ်းကြည်လင် လိမ့်မည်ဟု ဆိုတတ်ကြ၏။

3 နံနက်ယံ၌ကား၊ ယခုမိုဃ်းအုံ့လျက်ရှိ၏။ နီမောင်းသောအဆင်းလည်းရှိ၏။ ယနေ့မိုဃ်းသက်မုန်တိုင်း လာလိမ့်မည်ဟုဆိုတတ်ကြ၏။ လျှို့ဝှက်သောသူတို့၊ သင်တို့သည် မိုဃ်းကောင်းကင်၏မျက်နှာကို ပိုင်းခြား၍သိ နိုင်ကြ၏။ကပ်ကာလ၏ နိမိတ်လက္ခဏာတို့ကို ပိုင်းခြား၍မသိနိုင်ကြ။

4 ဆိုးညစ်၍ မျောက်မထားသောအမျိုးသည် နိမိတ်လက္ခဏာကိုတောင်းသည်မှာ၊ ပရောဖက်ယောန၏ နိမိတ်လက္ခဏာမှတပါး အဘယ်လက္ခဏာကိုမျှ သူတို့အားမပြရာဟု မိန့်တော်မူပြီးလျှင်၊ ထိုသူတို့ရှိရာမှထွက်၍ ကြွတော်မူ၏။

5 တပည့်တော်တို့သည် ကမ်းတဘက်သို့သွားကြသောအခါ မုန့်ကိုယူခြင်းငှာ မေ့လျော့ကြ၏။

6 ယေရှုကလည်း၊ ဖာရိရှဲနှင့် ဇဒ္ဒုကဲတို့၏ တဆေးကိုသတိနှင့်ကြဉ်ရှောင်ကြဟု မိန့်တော်မူ၏။

7 တပည့်တော်တို့ကလည်း၊ ငါတို့၌ မုန့်မပါသောကြောင့် ဤစကားကိုမိန့်တော်မူသည်ဟု အချင်းချင်း ဆွေးနွေးပြောဆိုကြ၏။