ယု​ဒ 1:22-25 BJB

22 ပိုင်းခြား၍သိတတ်သော ဥာဏ်ရှိ၍ အချို့တို့ကို သနားကြလော့။

23 ကိုယ်ကာယနှင့်ညစ်ညူးစွန်းကွက်သော အဝတ်ကိုပင် စက်ဆုပ်ရွံရှာ၍ ကြောက်ရွံ့ခြင်းနှင့်တကွ၊ အချို့တို့ကို မီးထဲမှ ဆယ်နှုတ်ကယ်တင်ကြလော့။

24 ထိမိ၍ လဲခြင်းနှင့် ကင်းလွတ်စေမည်အကြောင်း သင်တို့ကို စောင့်ရှောက်ခြင်းငှါ၎င်း၊ အပြစ်မရှိဘဲ ဝမ်းမြောက်ခြင်းနှင့် ပြည့်စုံလျက်ရှိသော သင်တို့ကို ဘုန်းအသရေတော်ရှေ့၌ ဆက်သခြင်းငှါ၎င်း တတ်နိုင်တော်မူသော သူတည်းဟူသော။

25 ငါတို့ကို ကယ်တင်တော်မူသောအရှင်၊ တဆူတည်းသောဘုရားသခင်သည်၊ ငါတို့သခင်ယေရှုခရစ်အားဖြင့်၊ ယခုမှစ၍ကမ္ဘာ အဆက်ဆက်ဘုန်းတန်ခိုး အာနုဘော်နှင့် အစွမ်းသတ္တိအာဏာ စက်ရှိတော်မူစေ သတည်း။ အာမင်။ရှင်ယုဒဩဝါဒစာပြီး၏။