ရော​မ 3:1-6 BJB

1 ထိုသို့ဖြစ်လျှင်၊ ယုဒလူသည်အဘယ်သို့သာသနည်း။ အရေဖျားလှီးခြင်းအားဖြင့် အဘယ်အကျိုးရှိသနည်း။

2 အထွေထွေသော အကျိုးများစွာရှိ၏။ ထူးမြတ်သော အကျိုးဟူမူကား၊ အရေဖျားလှီးခြင်းကို ခံသော ယုဒတို့သည် ဘုရားသခင်၏ ဗျာဒိတ်တော်များကို ခံရကြ၏။

3 သူတို့တွင် အချို့မယုံသော်လည်း၊ အဘယ်ဆိုဘွယ်ရှိသနည်း။ သူတို့မယုံဘဲနေခြင်းအရာသည် ဘုရားသခင်၏သစ္စာတော်ကို ဖျက်နိုင်သလော။

4 မဖျက်နိုင်ရာ။ သို့ဖြစ်၍မိန့်တော်မူချက်သည် ဖြောင့်ပါ၏။ တရားစီရင်သောအခါ အောင်မြင်တော်မူ၏ ဟု ကျမ်းစာ၌လာသည်နှင့်အညီ၊ လူခပ်သိမ်းတို့သည် သစ္စာပျက်သော်လည်း၊ ဘုရားသခင်၏ သစ္စာတော်သည် တည်စေသတည်း။

5 ငါတို့၏ မတရားသောအမှုသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားတော်ကို ထင်ရှားစေလျှင်၊ အဘယ်သို့ဆိုရသနည်း။ ဘုရားသခင်သည် ဒဏ်ပေးတော်မူလျှင်၊ မတရားသောအမှုကို ပြုတော်မူသလော။ ထိုသို့ဆိုသော် လူသဘောအတိုင်း ငါဆိုသတည်း။

6 ထိုသို့မဟုတ်ရာ။ ဟုတ်လျှင်လောကသားတို့ကို အဘယ်သို့ စစ်ကြောစီရင်တော်မူမည်နည်း။