ရော​မ 6:12-18 BJB

12 ထိုကြောင့်၊ သင်တို့၏သေတတ်သော ကိုယ်ခန္ဓာ၏တပ်မက်ခြင်းအလိုသို့ လိုက်ရသည်တိုင်အောင်၊ အပြစ်တရားသည် ထိုကိုယ်ခန္ဓာ၌ အစိုးမရစေနှင့်။

13 သင်တို့၏ကိုယ်အင်္ဂါများကို ဒုစရိုက်လက်နက် ဖြစ်စေ၍၊ အပြစ်တရားအား မဆက်ကြနှင့်။ သေခြင်းမှ ထမြောက်၍ အသက်ရှင်သောသူကဲ့သို့၊ ဘုရားသခင်အား ကိုယ်ကိုကိုယ်ဆက်ကြလော့။

14 ကိုယ်အင်္ဂါများကိုလည်း သုစရိုက်လက်နက် ဖြစ်စေ၍၊ ဘုရားသခင်အားဆက်ကြလော့။ သင်တို့သည် ပညတ်တရားလက်၌မရှိ၊ ကျေးဇူးတရားလက်၌ရှိသောကြောင့် အပြစ်တရားသည် သင်တို့ကို မအုပ်စိုးရ။

15 ထိုသို့ဖြစ်လျှင် အဘယ်သို့နည်း၊ ငါတို့သည် ပညတ်တရားလက်၌ရှိသောကြောင့်၊ ဒုစရိုက်ကို ပြုရမည်လော။ ထိုသို့မပြုရ။

16 အကြင်သူ၏အထံ၌ အစေခံကျွန်ဖြစ်ခြင်းငှါ သင်တို့ဝင်၍ အစေခံ၏၊ ထိုသူသည်သေခြင်းနှင့် ယှဉ်သော အပြစ်တရားဖြစ်စေ၊ ဖြောင့်မတ်ရာသို့ ရောက်ခြင်းနှင့်ယှဉ်သော နားထောင်ခြင်း တရားဖြစ်စေ၊ သင်တို့၏သခင်ဖြစ်သည်ကို မသိကြသလော။

17 သင်တို့သည် အပြစ်တရား၏ ကျွန်ဖြစ်ဘူးသော်လည်း၊ ယခုတွင်ခံခဲ့ပြီးသော ဩဝါဒနည်းဥပဒေသစကားကို စေတနာစိတ်နှင့် နားထောင်ကြသည်ဖြစ်၍၊ ဘုရားသခင်၏ကျေးဇူးတော်ကြီးလှပေ၏။

18 သင်တို့သည် အပြစ်တရား၏ လက်မှလွတ်ကြပြီဖြစ်၍၊ ဖြောင့်မတ်ခြင်းတရား၏ ကျွန်ဖြစ်ကြ၏။