12 ထိုကြောင့်၊ တရားတော်သည်သန့်ရင်းခြင်းရှိ၏။ ပညတ်တရားလည်း သန့်ရှင်းခြင်း၊ ဖြောင့်မတ်ခြင်း၊ ကောင်းမြတ်ခြင်းရှိ၏။
13 သို့ဖြစ်လျှင် ကောင်းမြတ်သောအရာသည် ငါ၌သေခြင်းအကြောင်း ဖြစ်သလော။ မဖြစ်နိုင်ရာ။ အပြစ်တရားသည် မိမိသဘောကို ထင်ရှားစေခြင်းငှါ ကောင်းမြတ်သောအရာအားဖြင့် ငါ၌သေခြင်းကို ပြု၍ သေခြင်းအကြောင်းဖြစ်၏။ ထိုသို့ဖြစ်သောကြောင့် အပြစ်တရားသည် ပညတ်တော်အားဖြင့် အလွန်အပြစ်နှင့်ပြည့်စုံခြင်းရှိသတည်း။
14 ထိုမှတပါး ၊ပညတ်တရားသည် ဝိညာဉ်ပကတိနှင့် စပ်ဆိုင်သည်ကို ငါတို့သိကြ၏။ ငါမူကား ဇာတိပကတိရှိ၏။ အပြစ်တရားလက်၌ ကျေးကျွန်ဖြစ်၏။
15 အကြောင်းမူကား၊ ငါသည်ကိုယ်ကျင့်သော အကျင့်ကို မနှစ်သက်။ ကျင့်ချင်သော အကျင့်ကိုမကျင့်၊ ရွံ့ရှာသော အကျင့်ကို ကျင့်၏။
16 ထိုသို့ငါသည် မကျင့်ချင်သောအကျင့်ကို ကျင့်လျှင်၊ ပညတ်တရားဖြောင့်သည်ဟု ငါဝန်ခံ၏။
17 သို့ဖြစ်လျှင်၊ ထိုမကောင်းသောအကျင့်ကို ငါ့ကိုယ်တိုင်ကျင့်သည်မဟုတ်။ ငါ့အထဲ၌နေသော အပြစ်တရားသည် ကျင့်၏။
18 ငါ့အထဲမှာ ငါ့ဇာတိပကတိ၌ ကောင်းသော အရာတစုံတခုမျှ မတည်သည်ကို ငါသိ၏။ အကြောင်းမူကား၊ ငါသည်ကျင့်ချင်သော စိတ်ရှိသော်လည်း၊ ကောင်းစွာကျင့်တတ်သောအခွင့်ကိုရှာ၍ မတွေ့နိုင်။