ရှင်မာကု 10:1-6 BJB

1 ထိုအရပ်မှ ကိုယ်တော်သည်ထ၍ ယော်ဒန်မြစ်တဘက်ကို ရှောက်သွားသဖြင့် ယုဒပြည်စွန်းသို့ ရောက်တော်မူ၏။ လူများတို့သည် အထံတော်၌စုဝေးပြန်၍၊ ထုံးစံရှိတော်မူသည်အတိုင်းတဖန် ဆုံးမဩဝါဒပေးတော်မူ၏။

2 ဖာရိရှဲတို့သည် အထံတော်သို့လာ၍၊ လူသည် မိမိမယားနှင့်ကွာအပ်သလောဟု စုံစမ်းနှောင့်ရှက်ခြင်းငှါ မေးလျှောက်ကြသော်၊

3 ယေရှုက၊ မောရှေသည်သင်တို့အား အဘယ်သို့ စီရင်သနည်းဟုလှန်၍ မေးတော်မူလျှင်၊

4 သူတို့က၊ ဖြတ်စာကို ပေး၍မယားနှင့် ကွာစေခြင်းငှါ မောရှေစီရင်ပါသည်ဟု လျှောက်ကြ၏။

5 ယေရှုကလည်း၊ သင်တို့စိတ်နှလုံး ခိုင်မာသောကြောင့် မောရှေသည် ထိုပညတ်ကို ရေးထားသတည်း။

6 ဘုရားသခင်ဖန်ဆင်းတော်မူစက ယောက်ျားနှင့်မိန်းမနှစ်ယောက်တည်းကို ဖန်ဆင်းတော်မူ၏။