ရှင်မာကု 10:3-9 BJB

3 ယေရှုက၊ မောရှေသည်သင်တို့အား အဘယ်သို့ စီရင်သနည်းဟုလှန်၍ မေးတော်မူလျှင်၊

4 သူတို့က၊ ဖြတ်စာကို ပေး၍မယားနှင့် ကွာစေခြင်းငှါ မောရှေစီရင်ပါသည်ဟု လျှောက်ကြ၏။

5 ယေရှုကလည်း၊ သင်တို့စိတ်နှလုံး ခိုင်မာသောကြောင့် မောရှေသည် ထိုပညတ်ကို ရေးထားသတည်း။

6 ဘုရားသခင်ဖန်ဆင်းတော်မူစက ယောက်ျားနှင့်မိန်းမနှစ်ယောက်တည်းကို ဖန်ဆင်းတော်မူ၏။

7 ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍ ကိုယ်ခင်ပွန်း၌မှီဝဲသဖြင့်၊

8 ထိုသူနှစ်ယောက်တို့သည် တသားတကိုယ်တည်းဖြစ်ရလိမ့်မည်။ ထိုကြောင့် လင်မယားတို့သည် နှစ်ဦးမဟုတ် တဦးတည်းဖြစ်၏။

9 ဘုရားသခင် တွဲဘက်၍ ထမ်းဘိုးတင်တော်မူသောအရာကို လူမခွဲမခွါစေနှင့်ဟု မိန့်တော်မူ၏။