ရှင်မာကု 11:11-17 BJB

11 ယေရှုသည် ယေရုရှလင်မြို့သို့၎င်း၊ ဗိမာန်တော်သို့၎င်း ဝင်၍အရာရာတို့ကို ကြည့်ရှုတော်မူပြီးလျှင် မိုဃ်းချုပ်သောကြောင့် တကျိပ်နှစ်ပါးသောသူတို့နှင့်တကွ ဗေသနိရွာသို့ ထွက်ကြွတော်မူ၏။

12 နက်ဖြန်နေ့၌ ဗေသနိရွာမှပြန်ကြစဉ်တွင် ဆာမွတ်တော်မူ၏။

13 အရွက်နှင့်ပြည့်စုံသော သင်္ဘောသဖန်းပင်ကိုအဝေးကမြင်လျှင်။ သင်္ဘောသဖန်းသီးဆွတ်ချိန်ကာလ မရောက်သေးသောကြောင့်၊ ထိုအပင်၌ အသီးကိုတွေ့ကောင်းတွေ့လိမ့်မည်ဟု ကြွသွား၍ရောက်သောအခါ၊ အရွက်ကိုသာ တွေ့တော်မူသည်ရှိသော်၊

14 ယခုမှစ၍အစဉ်မပြတ် သင်၏အသီးကို အဘယ်သူမျှမစားစေနှင့်မိန့်တော်မူ၏။ တပည့်တော် တို့သည်လည်း ကြားကြ၏။

15 ယေရုရှလင်မြို့သို့ ရောက်သောအခါ ယေရှုသည် ဗိမာန်တော်သို့ ဝင်တော်မူပြီးလျှင်၊ ဗိမာန်တော်၌ ရောင်းဝယ်သောသူတို့ကို နှင်ထုတ်၍ ပွဲစားခုံတို့ကို၎င်း၊ ချိုးငှက်ရောင်းသောသူတို့၏ ထိုင်ရာကို၎င်း တွန်းလှဲတော်မူ၍၊

16 ဗိမာန်တော်ထဲ၌ အဆောက်အဦးကို အဘယ်သူမျှ မဆောင်မရွက်ရမည်အကြောင်း မြစ်တားတော်မူလျက်၊

17 ငါ့အိမ်ကို လူအမျိုးမျိုး ဆုတောင်းရာအိမ်ဟူ၍ ခေါ်ဝေါ်ကြလတံ့ဟု ကျမ်းစာ၌လာသည်မဟုတ်လော။ သို့သော်လည်း သင်တို့သည် ထိုအိမ်ကို ထားပြတွင်းဖြစ်စေကြပြီးတကားဟူ၍ ဆုံးမဩဝါဒပေးတော်မူ၏။