ရှင်မာကု 15:3-9 BJB

3 ယဇ်ပုရောဟိတ်မင်းကြီးတို့သည် များစွာသောအပြစ်ကိုတင်ကြ၏။

4 တဖန်ပိလတ်မင်းက၊ သင်သည် တခွန်းကိုမျှပြန်၍ မပြောသလောက်။ သင့်တဘက်၌ အဘယ်မျှလောက် သက်သေခံကြသည်ကို ကြည့်ပါဟု မေးမြန်းပြောဆိုသော်လည်း၊

5 စကားတခွန်းကိုမျှပြန်တော်မမူသည်ကို ပိလတ်မင်းသည် အံ့ဩလေ၏။

6 ထိုပွဲ၌ မြို့ဝန်မင်းသည် အကျဉ်းထားသောသူတို့တွင်၊ လူများတောင်းသော သူတယောက်ယောက်ကို လွှတ်တတ်၏။

7 ထိုအခါ ပုန်ကန်၍ လူအသက်ကိုသတ်သော အပြစ်သင့်သော ဗာရဗ္ဗအမည်ရှိသော သူတယောက်သည်၊ ပုန်ကန်သောအပေါင်းဘော်တို့နှင့်တကွ အကျဉ်းခံလျက်ရှိ၏။

8 လူအပေါင်းတို့သည် မိမိတို့အား ပြုမြဲပြုပါမည်အကြောင်း အော်ဟစ်၍ တောင်းပန်သောအခါ၊

9 ပိလတ်မင်းက၊ သင်တို့သည် ယုဒရှင်ဘုရင်ကို လွှတ်စေချင်သလောဟု ပြန်၍မေး၏။