ရှင်မာကု 3:10-16 BJB

10 အကြောင်းမူကား၊ လူများတို့အား ချမ်းသာပေးတော်မူသောကြောင့်၊ ရောဂါဝေဒနာ နှိပ်စက်သောသူရှိသမျှတို့သည် ကိုယ်တော်ကို တို့ခြင်းငှါ တွန်းကြ၏။

11 ညစ်ညူးသောနတ်တို့သည်လည်း ကိုယ်တော်ကိုမြင်သောအခါ ပြပ်ဝပ်၍၊ ကိုယ်တော်သည် ဘုရားသခင်၏သားတော်ဖြစ်တော်မူသည်ဟု ဟစ်ကြော်ကြ၏။

12 သိတင်းတော်ကို မပွင့်စေမည်အကြောင်း သူတို့အား ကြပ်တည်းစွာ ပညတ်တော်မူ၏။

13 ထိုအခါ ကိုယ်တော်သည် တောင်ပေါ်သို့တက်၍ အလိုတော်ရှိသောသူတို့ကို ခေါ်တော်မူလျှင်၊ အထံတော်သို့ လာကြ၏။

14 ကိုယ်တော်နှင့်အတူ ရှိနေစေခြင်းငှါ၎င်း၊ တရားဟောသောအခွင့်၊ အနာရောဂါတို့ကို ငြိမ်းစေ၍၊

15 နတ်ဆိုးတို့ကို နှင်ထုတ်နိုင်သောအခွင့်နှင့် စေလွှတ်ခြင်းငှါ၎င်း၊ တကျိပ်နှစ်ပါးသောသူတည်းဟူသော၊

16 ပေတရုအမည်သစ်ကို ပေးတော်မူသောရှိမုန်၊