ရှင်မာကု 6:15-21 BJB

15 လူအချို့က၊ ဤသူသည် ဧလိယဖြစ်သည်ဟု ဆိုကြ၏။ အချို့က၊ ရှေးပရောဖက်ကဲ့သို့ ပရောဖက်ဖြစ်သည်ဟု ဆိုကြ၏။

16 ဟေရုဒ်သည် ကြားလျှင်၊ ဤသူကား ငါ၏အမိန့်နှင့် လည်ပင်းကိုဖြတ်သော ယောဟန်ဖြစ်၏။ သေခြင်းမှ ထမြောက်လေပြီဟု ဆိုလေ၏။

17 အထက်က ဟေရုဒ်သည် မိမိညီ ဖိလိပ္ပု၏ ခင်ပွန်းဟေရောဒိကို သိမ်းယူသဖြင့်၊ ထိုမိန်းမအကြောင်းကြောင့် စေလွှတ်၍ ယောဟန်ကို ဘမ်းဆီးပြီးလျှင် ထောင်ထဲမှာချုပ်နှောင်လေ၏။

18 အကြောင်းမူကား၊ ယောဟန်က အရှင်မင်းကြီးသည် ညီတော်၏ခင်ပွန်းကို မသိမ်းအပ်ဟု ဟေရုဒ်အား ဆိုလေပြီ။

19 ထိုကြောင့်၊ ဟေရောဒိသည် ယောဟန်ကို ရန်ငြိုးဖွဲ့သဖြင့် သတ်ခြင်းငှါအလိုရှိ၏။

20 သို့သော်လည်း ယောဟန်သည် ဖြောင့်မတ်သန့်ရှင်းသောသူဖြစ်ကြောင်းကို ဟေရုဒ်သည် သိ၍ သူ့ကို ကြောက်ရွံ့ရိုသေ၏။ သူ့ကိုလည်း စောင့်မ၏။ အမူအရာများတို့၌ သူ၏စကားကို နားထောင်၍ ဝမ်းမြောက် သောစိတ်နှင့်လည်း နားထောင်တတ်သည်ဖြစ်သောကြောင့် ထိုမိန်းမသည် အခွင့်မရနိုင်။

21 ထိုနောက်မှ အဆင်သင့်သောအခါ ဟေရုဒ်ကို ဘွားသောနေ့ရက်၌ နှစ်စဉ်ပွဲကိုခံ၍ မှူးမတ်၊ စစ်သူကြီး၊ ဂါလိလဲပြည်၌ အကြီးအကဲဖြစ်သောသူတို့ကို ကျွေးတော်မူစဉ်တွင်၊