34 ထိုနောက် ကောင်းကင်သို့ ကြည့်မျှော်၍ ညီးတွားသံကိုပြုလျက်၊ ဧဖသဟု မိန့်တော်မူ၏။ အနက်ကား၊ ပွင့်စေဟု ဆိုလိုသတည်း။
35 ထိုခဏခြင်းတွင် သူသည် နားပွင့်ခြင်း၊ လျှာကြောလွတ်ခြင်းရှိသဖြင့် စကားပြီပြီပြောနိုင်၏။
36 ထိုအကြောင်းကို အဘယ်သူအားမျှမပြောစေခြင်းငှါ သူတို့ကို ပညတ်တော်မူ၏။ ပညတ်တော်မူသော်လည်း သူတို့သည် သာ၍ အလွန်သိတင်းကြားပြောကြ၏။
37 အတိုင်းထက် အလွန်မိန်းမောတွေဝေလျက်ရှိ၍၊ သူသည် အလုံးစုံတို့ကို လျောက်ပတ်စွာ ပြုတော်မူပြီ။ နားပင်းသောသူတို့ကို စကားပြောစေတော်မူပြီဟု ဆိုကြ၏။