ရှင်ယောဟန် 3:2-8 BJB

2 ညဉ့်အခါ ယေရှုထံတော်သို့လာ၍၊ အရှင်ဘုရား၊ ကိုယ်တော်သည်ပြတော်မူသော ဤနိမိတ်လက္ခဏာတို့ကို ဘုရားသခင်၏အခွင့်မရှိလျှင် အဘယ်သူမျှ မပြနိုင်သည်ကို အကျွန်ုပ်တို့သည်ထောက်၍၊ ကိုယ်တော်သည် ဘုရားသခင်အထံတော်မှ ကြွလာတော်မူသောဆရာဖြစ်ကြောင်းကို သိကြပါ၏ဟုလျှောက်သော်၊

3 ယေရှုက၊ ဒုတိယမွေးခြင်းကို မခံသောသူမည်သည်ကား၊ ဘုရားသခင်၏နိုင်ငံတော်ကို မမြင်ရဟု ငါအမှန်အကန်ဆိုသည်ဟု ပြန်၍မိန့်တော်မူ၏။

4 နိကောဒင်ကလည်း၊ အသက်ကြီးသောသူသည် မွေးခြင်းကိုအဘယ်သို့ခံနိုင်ပါမည်နည်း။ အမိဝမ်းထဲသို့ တဖန်ဝင်၍မွေးခြင်းကို ခံနိုင်ပါမည်လောဟု လျှောက်၏။

5 ယေရှုကလည်း၊ ရေနှင့်ဝိညာဉ်တော် မမွေးသောသူမည်သည်ကား၊ ဘုရားသခင်၏နိုင်ငံတော်သို့ မဝင်ရဟု ငါအမှန်အကန်ဆို၏။

6 ဇာတိပကတိမွေးသောအရာသည် ဇာတိပကတိဖြစ်၏ ဝိညာဉ်တော်မွေးသောအရာသည် ဝိညာဉ်ဖြစ်၏။

7 ဒုတိယမွေးခြင်းကို ခံရမည်ဟု ငါဟောပြောသည်ကို အံ့ဩခြင်းမရှိနှင့်။

8 လေသည် အလိုရှိတိုင်းသွားလာ၏။ လေ၏အသံကို သင်သည်ကြားရသော်လည်း အဘယ်အရပ်ကဖြစ်သည်၊ အဘယ်အရပ်သို့သွားသည်ကိုမသိနိုင်။ ထိုနည်းတူ ဝိညာဉ်တော်မွေးသောသူဖြစ်သည်ဟု မိန့်တော်မူ၏။