5 ယုဒပြည်ကိုအစိုးရသော ဟေရုဒ်မင်းကြီးလက်ထက်၊ အဘိယအသင်းအဝင်ဖြစ်၍၊ ဇာခရိအမည်ရှိသော ယဇ်ပုရောဟိတ်တပါးရှိ၏။ သူ၏ခင်ပွန်းသည် အာရုန်အမျိုးအနွယ်ဖြစ်၏။ သူ့အမည်ကား ဧလိရှဗက်တည်း။
6 ထိုသူနှစ်ယောက်တို့သည် ထာဝရဘုရား၏ ပညတ်တရားတော်အမျိုးမျိုးတို့ကို ကျင့်ဆောင်၍ အပြစ်တင်ခွင့်နှင့်လွတ်သဖြင့်၊ ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်ခြင်းပါရမီရှိကြ၏။
7 ဧလိရှဗက်သည် မြုံသောကြောင့် သူတို့သည်သားမရှိ။ ထိုသူနှစ်ယောက်တို့သည် အသက်အရွယ်ကြီးရင့်ကြ၏။
8 ဇာခရိသည် မိမိအသင်းနှင့်တကွ အလှည့်သင့်၍၊ ဘုရားသခင့်ရှေ့တော်၌ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်သည်တွင်၊
9 ယဇ်ပုရောဟိတ်ထုံးစံအတိုင်း စာရေးထံချသဖြင့်၊ သူသည်ထာဝရဘုရား၏ ဗိမာန်တော်အတွင်းသို့ ဝင်၍ နံ့သာပေါင်းကိုမီးရှို့၏။
10 ထိုသို့နံ့သာပေါင်းကို မီးရှို့သည့်အချိန်တွင်၊ လူအများအပေါင်းတို့သည် ပြင်၌ဆုတောင်းလျက် နေကြ ၏။
11 ထိုအခါ ထာဝရဘုရား၏ ကောင်းကင်တမန်သည်ထင်ရှား၍၊ နံ့သာပေါင်းကိုရှို့သော ယဇ်ပလ္လင် လက်ျာဘက်၌ ရပ်နေသည်ကို၊