လုကာ 12:43-49 BJB

43 အကြင်ကျွန်သည် ဤသို့ပြုလျက်နေသည်ကို အရှင်သည် ပြန်လာ၍တွေ့၏။ ထိုကျွန်သည် မင်္ဂလာ ရှိ၏။

44 ငါအမှန်ဆိုသည်ကား၊ အရှင်သည် မိမိဥစ္စာရှိသမျှတို့ကို ထိုကျွန်၌ အပ်လိမ့်မည်။

45 သို့မဟုတ်မူကား၊ အကြင်ကျွန်က၊ ငါ့အရှင်လာခဲလိမ့်မည်ဟု စိတ်ထဲ၌ အောက်မေ့သည်နှင့် ကျွန်ချင်း ယောက်ျားမိန်းမတို့ကို ရိုက်ပုတ်လျက်၊ စားသောက်ယစ်မူးလျက်နေ၏။

46 ထိုကျွန်မကြည့်မမျှော်သောနေ့ရက်၊ မကြားမသိသောအချိန်နာရီ၌ သခင်သည် ရောက်လာလျှင်၊ ထိုကျွန်ကို ပြင်းစွာ ဆုံးမကွပ်မျက်၍ သစ္စာမရှိသောသူတို့နှင့်တကွ နေရာချလတံ့။

47 အကြင်ကျွန်သည် မိမိသခင်၏ အလိုကိုသိလျက်နှင့် အသင့်မနေ၊ သခင်၏အလိုကို မဆောင်၊ ထိုကျွန် သည် များစွာသော ဒဏ်ကိုခံရ၏။

48 သခင်၏အလိုကို မသိဘဲလျက်၊ ဒဏ်ခံထိုက်သောအမှုကို ပြုမိသောသူမူကား၊ အနည်းငယ်သော ဒဏ် ကိုသာ ခံရ၏။ အကြင်သူသည် အများကိုဆပ်ရ၏။ အကြင်သူ၌ များစွာသောဥစ္စာကို အပ်နှင်း၏။ ထိုသူကို များစွာတောင်းလိမ့်မည်။

49 မြေပေါ်၌ မီးလောင်စေခြင်းငှါ ငါလာသတည်း။ ထိုမီးမညှိမှီတိုင်အောင် ငါ၏အလိုမပြည့်စုံ။ ဗတ္တိဇံတခုကိုလည်း ငါခံစရာရှိ၏။