လုကာ 2:39-45 BJB

39 မိဘတို့သည် ထာဝရဘုရား၏ ပညတ်တရားအတိုင်း ပြုရသမျှတို့ကို အကုန်အစင်ပြုပြီးမှ၊ ဂါလိလဲပြည်၊ နာဇရက်အမည်ရှိသော မိမိတို့ မြို့သို့ပြန်ကြ၏။

40 သူငယ်သည်လည်းကြီးပွား၍ပညာဥာဏ်သတ္တိနှင့် ပြည့်စုံ၏။ ဘုရားသခင်၏ကျေးဇူးတော်သည်လည်း သူ့အပေါ်၌တည်၏။

41 မိဘတို့သည် နှစ်တိုင်းအစဉ်ပသခါ ပွဲခံချိန်ရောက်လျှင်၊ ယေရုရှလင်မြို့သို့သွားကြ၏။

42 ယေရှုသည် တဆယ်နှစ်နှစ်ရှိသောအခါ ပသခါပွဲထုံးစံအတိုင်း ယေရုရှလင်မြို့သို့တက်ကြ၍၊

43 ပွဲနေ့ရက်လွန်ပြီးမှ မိဘတို့သည်ပြန်ကြလျှင်၊ သူငယ်ယေရှုသည် ယေရုရှလင်မြို့၌နေရစ်လေ၏။ ယောသပ်နှင့်မယ်တော်သည် ထိုအကြောင်းကို မသိ၍၊

44 အပေါင်းအဘော်စုထဲမှာ သူငယ်ပါသည်ဟု စိတ်ထင်နှင့် တနေ့ခရီးသွားမိလျှင်၊ အဆွေအမျိုး အသိအကျွမ်းတို့တွင်ရှာ၍၊

45 မတွေ့သောအခါ ယေရုရှလင်မြို့သို့ ပြန်၍ရှာကြ၏။