လုကာ 20:3-9 BJB

3 ကိုယ်တော်က၊ ငါသည် တစုံတခုကို မေးဦးမည်။ သင်တို့ ဖြေကြလော့။

4 ယောဟန်၏ ဗတ္တိဇံတရားသည် ဘုရားကဖြစ်သလော။ လူကဖြစ်သလောဟု မေးတော်မူ၏။

5 ထိုသူတို့သည် အချင်းချင်းဆင်ခြင်၍၊ ဘုရားက ဖြစ်သည်ဟု ငါတို့ဖြေလျှင်၊ သင်တို့သည် ယောဟန်ကို အဘယ်ကြောင့် မယုံသနည်းဟု သူမေးလေဦးမည်။ လူက ဖြစ်သည်ဟု ငါတို့ဖြေလျှင်၊

6 ယောဟန်သည် ပရောဖက်ဖြစ်သည်ကို လူအပေါင်းတို့သည် ယုံသဖြင့် ငါတို့ကို ကျောက်ခဲနှင့် ပစ်ကြလိမ့်မည်ဟု အချင်းချင်းဆင်ခြင်ပြီးမှ၊

7 အဘယ်ကဖြစ်သည်ကို အကျွန်ုပ်တို့ မသိပါဟု ပြန်ပြောကြ၏။

8 ယေရှုကလည်း၊ထိုအတူ ဤအမှုများကိုအဘယ်အခွင့်နှင့် ငါပြုသည်ကို ငါမပြောဟု မိန့်တော်မူ၏။

9 ထိုအခါ ပရိသတ်တို့အား မိန့်တော်မူသော ဥပမာကား၊ လူတဦးသည် စပျစ်ဥယျာဉ်ကို စိုက်ပျိုးပြီးမှ လုပ်ဆောင်သောသူတို့အား ဥယျာဉ်ကိုငှါး၍ အခြားသောပြည်သို့ ကြာမြင့်စွာ သွားနေ၏။