လုကာ 20:4-10 BJB

4 ယောဟန်၏ ဗတ္တိဇံတရားသည် ဘုရားကဖြစ်သလော။ လူကဖြစ်သလောဟု မေးတော်မူ၏။

5 ထိုသူတို့သည် အချင်းချင်းဆင်ခြင်၍၊ ဘုရားက ဖြစ်သည်ဟု ငါတို့ဖြေလျှင်၊ သင်တို့သည် ယောဟန်ကို အဘယ်ကြောင့် မယုံသနည်းဟု သူမေးလေဦးမည်။ လူက ဖြစ်သည်ဟု ငါတို့ဖြေလျှင်၊

6 ယောဟန်သည် ပရောဖက်ဖြစ်သည်ကို လူအပေါင်းတို့သည် ယုံသဖြင့် ငါတို့ကို ကျောက်ခဲနှင့် ပစ်ကြလိမ့်မည်ဟု အချင်းချင်းဆင်ခြင်ပြီးမှ၊

7 အဘယ်ကဖြစ်သည်ကို အကျွန်ုပ်တို့ မသိပါဟု ပြန်ပြောကြ၏။

8 ယေရှုကလည်း၊ထိုအတူ ဤအမှုများကိုအဘယ်အခွင့်နှင့် ငါပြုသည်ကို ငါမပြောဟု မိန့်တော်မူ၏။

9 ထိုအခါ ပရိသတ်တို့အား မိန့်တော်မူသော ဥပမာကား၊ လူတဦးသည် စပျစ်ဥယျာဉ်ကို စိုက်ပျိုးပြီးမှ လုပ်ဆောင်သောသူတို့အား ဥယျာဉ်ကိုငှါး၍ အခြားသောပြည်သို့ ကြာမြင့်စွာ သွားနေ၏။

10 ကာလအချိန်တန်လျှင်၊ လုပ်ဆောင်သောသူတို့သည် စပျစ်သီးအချို့ကို ပေးစေခြင်းငှါ ဥယျာဉ်ရှင်သည် သားငယ်ကို စေလွှတ်လေ၏။ ဥယျာဉ်စောင့်တို့သည် ငယ်သားကိုရိုက်၍ လက်ချည်းလွှတ်လိုက်ကြ၏။