လုကာ 21:1-6 BJB

1 ထိုနောက် ကိုယ်တော်သည် မျှော်ကြည့်၍၊ ငွေရတတ်သောသူတို့သည် အလှူဒါနကို ဘဏ္ဍာတိုက်ထဲသို့ သွင်းချသည်ကို မြင်တော်မူ၏။

2 ဆင်းရဲသော မုတ်ဆိုးမတယောက်သည်လည်း ကြေးနီဒင်္ဂါးနှစ်ပြား သွင်းချသည်ကို မြင်တော်မူလျှင်၊

3 ငါအမှန်ဆိုသည်ကား၊ ထိုဆင်းရဲသော မုတ်ဆိုးမသည် အခြားသောသူအပေါင်းတို့ထက် သာ၍ သွင်းချပြီ။

4 အကြောင်းမူကား၊ ထိုသူအပေါင်းတို့သည် မိမိတို့ကြွယ်ဝသော စည်းစိမ်ထဲကနှုတ်၍ ဘုရားသခင်၏ အလှူတော်စုထဲသို့ သွင်းချကြ၏။ ထိုမိန်းမမူကား၊ အလွန်ဆင်းရဲလျက်ပင် မိမိအသက်မွေးစရာ ဥစ္စာရှိသမျှကို သွင်းချလေပြီဟု မိန့်တော်မူ၏။

5 လူအချို့တို့သည် လာ၍ ဗိမာန်တော်သည် တင့်တယ်သောကျောက်ပြားနှင့်၎င်း၊ ပူဇော်သက္ကာများနှင့်၎င်း ဆင်ပြင်လျက် ရှိပါ၏ဟုလျှောက်ကြလျှင်၊

6 ကိုယ်တော်က၊ ဤအရာများကို သင်တို့သည် ယခုမြင်ရကြ၏။ မဖြိုမချဘဲ ကျောက်တခုပေါ်မှာ တခုမျှ မတည်မနေရသော အချိန်ကာလရောက်လိမ့်မည်ဟု မိန့်တော်မူ၏။