လုကာ 21:33-38 BJB

33 ကောင်းကင်နှင့်မြေကြီး မတည်သော်လည်း ငါ့စကား တည်လိမ့်မည်။

34 သင်တို့သည် ကိုယ်ကိုကိုယ်သတိပြုကြလော့။ သို့မဟုတ် အစားအသောက်လွန်ကြူးခြင်း၊ လောကီ စိုးရိမ်ခြင်းအားဖြင့် စိတ်နှလုံးပင်ပန်းလျက်နေစဉ်၊ ထိုနေ့ရက်သည် အမှတ်တမဲ့သင်တို့နှင့် တွေ့ကြုံလိမ့်မည်။

35 ထိုနေ့ရက်သည် ပိုက်ကွန်ကဲ့သို မြေတပြင်လုံး၌နေသော လူအပေါင်းတို့ကို အုပ်မိလိမ့်မည်။

36 ထို့ကြောင့် သင်တို့သည် ဖြစ်လတံ့သော အမှုအရာတို့နှင့် ကင်းလွတ်၍ လူသားထံသို့ ရောက်ခြင်းကို ခံထိုက်သောသူဖြစ်သည်ဟု မှတ်တော်မူမည်အကြောင်း၊ အစဉ်ဆုတောင်းလျက် စောင့်နေကြလော့ဟု မိန့်တော်မူ၏။

37 ထိုသို့ ကိုယ်တော်သည် နေ့ရက်အစဉ်အတိုင်းဗိမာန်တော်၌ ဆုံးမဩဝါဒပေးတော်မူ၏။ ညအချိန်ရောက်လျှင် သံလွင်အမည်ရှိသော တောင်သို့ သွား၍ ညဉ့်ကို လွန်စေတော်မူ၏။

38 နံနက်စောစော လူများအပေါင်းတို့သည် ဗိမာန်တော်သို့သွား၍ အထံတော်၌ ဒေသနာတော်ကို နားထောင်ကြ၏။