လုကာ 22:62-68 BJB

62 ပြင်သို့ထွက်၍ ပြင်းစွာငိုကြွေးလေ၏။

63 ယေရှုကို ကိုင်ဆွဲသောသူတို့သည် ကိုယ်တော်ကို ပြက်ယယ်ပြု၍ ရိုက်ပုတ်ကြ၏။

64 မျက်နှာတော်ကိုဖုံးပြီးလျှင် လက်နှင့်ပုတ်လျက်၊ ကိုယ်တော်ကို အဘယ်သူပုတ်သည်ကို ပရောဖက်ပြု ၍ ဟောတော်မူပါဟုဆိုကြ၏။

65 အခြားသောစကားများဖြင့်လည်း ကိုယ်တော်ကို ကဲ့ရဲ့၍ ပြောဆိုကြသေး၏။

66 မိုဃ်းလင်းသောအခါ လူတို့တွင် အကြီးအကဲဖြစ်သောသူ၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့သည် စည်းဝေး၍ ကိုယ်တော်ကို လွှတ်တော်သို့ ဆောင်သွားပြီးလျှင်၊

67 သင်သည် ခရစ်တော်မှန်လျှင် ငါတို့အား ပြောလော့ဟုဆိုကြ၏။ ယေရှုကလည်း၊ ငါပြောလျှင် သင်တို့သည် မယုံ။

68 ငါမေးလျှင်လည်း သင်တို့သည် မဖြေဘဲ၊ ငါ့ကို မလွှတ်ဘဲနေကြလိမ့်မည်။