လုကာ 24:1-5 BJB

1 ခုနစ်ရက်တွင် ပဌမနေ့ရက် အာရုဏ်တက်သောအချိန်၌၊ ထိုမိန်းမတို့သည် အခြားသောမိန်းမတို့နှင့် တကွ မိမိတို့ ပြင်ဆင်သောနံ့သာမျိုးကို ဆောင်လျက် သခင်္ျိုင်းတော်သို့ သွားကြ၏။

2 ရောက်သောအခါ တွင်းဝ၌ ပိတ်သောကျောက်သည် လိမ့်လန်လျက်ရှိသည်ကို တွေ့မြင်၍ အတွင်းသို့ ဝင်သော်၊

3 သခင်ယေရှု၏အလောင်းတော်ကို မတွေ့ကြ။

4 ထိုအကြောင်းကြောင့် သူတို့သည် တွေးတောသောစိတ်ရှိစဉ်တွင်၊ လူနှစ်ယောက်တို့သည် ပြိုးပြိုးပြက် ပြက်သော အဝတ်ကို ဝတ်ဆင်လျက် ပေါ်လာ၏။

5 ထိုမိန်းမတို့သည် ကြောက်လန့်သောစိတ်နှင့် ငုံ့၍နေစဉ်တွင်၊ ထိုသူတို့က၊ သင်တို့သည် အသေကောင် ရှိရာအရပ်၌ အသက်ရှင်သောသူကို အဘယ်ကြောင့် ရှာကြသနည်း။