44 နောင်တော်သို့ ချဉ်းကပ်၍ အဝတ်တော်၏ ပန်းပွားကိုတို့သဖြင့်၊ ထိုခဏခြင်းတွင် သွေးသွန်အနာပျောက်လေ၏။
45 ယေရှုကလည်း၊ ငါ့ကို အဘယ်သူတို့သနည်းဟု မေးတော်မူလျှင်၊ လူအပေါင်းတို့သည် ငြင်းလတ်သော်၊ ပေတရုမှစ၍ သူ၏အပေါင်းအဘော်တို့က၊ သခင်၊ လူအစုအဝေးတို့သည် ကိုယ်တော်အား ထိခိုက်တိုက်မိကြသည်ဖြစ်၍၊ ငါ့ကိုအဘယ်သူတို့သနည်းဟု မေးတော်မူပါသည်တကားဟု လျှောက်လေ၏။
46 ယေရှုကလည်း၊ တစုံတယောက်သောသူသည် ငါ့ကိုတို့လေပြီ။ ငါ့ကိုယ်မှတန်ခိုးထွက်သည်ကို ငါသိ၏ဟု မိန့်တော်မူ၏။
47 ထိုမိန်းမသည် မိမိပုန်းရှောင်၍ မနေနိုင်သည်ကိုသိလျှင် တုန်လှုပ်လျက်လာ၍၊ အဘယ်အကြောင်း ကြောင့် တို့သည်ကို၎င်း၊ ချက်ခြင်းချမ်းသာရသည်ကို၎င်း၊ လူအပေါင်းတို့ရှေ့မှာ ပြပ်ဝပ်လျက် ကြားလျှောက် လေ၏။
48 ကိုယ်တော်ကလည်း၊ ငါ့သမီး၊ မစိုးရိမ်နှင့်။ သင်၏ယုံကြည်ခြင်းသည် သင့်အနာကို ငြိမ်းစေပြီ။ ငြိမ်ဝပ်စွာသွားလော့ဟု မိန့်တော်မူ၏။
49 ထိုသို့ မိန့်တော်မူစဉ်တွင် တရားစရပ်မှူးအိမ်မှ လူလာ၍၊ ကိုယ်တော်၏ သမီးသေပါပြီ။ ဆရာကို မနှောင့်ရှက်ပါနှင့်ဟုဆို၏။
50 ယေရှုသည်ကြားလျှင်၊ မကြောက်ကြနှင့်။ ယုံကြည်ခြင်းစိတ်တခုသာရှိစေေလာ့။ ထိုသို့ရှိလျှင် သူသည် ဘေးနှင့်လွတ်လိမ့်မည်ဟု တရားစရပ်မှူးအား မိန့်တော်မူ၏။