လုကာ 8:6-12 BJB

6 အချို့သောအစေ့တို့သည် ကျောက်ပေါ်၌ ကျသဖြင့် အပင်ပေါက်သောအခါ မြေဩဇာမရှိသောကြောင့် ညှိုးနွမ်းပျက်စီးခြင်းသို့ရောက်ကြ၏။

7 အချို့သောအပင်တို့သည် ဆူးပင်တို့တွင် ကျသဖြင့် ဆူးပင်တို့သည်အတူပေါက်၍ ညှဉ်းဆဲကြ၏။

8 အချို့သောအစေ့တို့သည် ကောင်းသောမြေ၌ ကျသဖြင့် အပင်ပေါက်၍အဆပွါးများ၍ အသီးသီးကြ၏ဟု မိန့်တော်မူပြီးမှ၊ ကြားစရာရှိသော သူမည်သည်ကားကြားပါစေဟု ကြွေးကြော်တော်မူ၏။

9 တပည့်တော်တို့ကလည်း၊ ထိုဥပမာ၏ အနက်အဓိပ္ပါယ်ကား အဘယ်နည်းဟု မေးလျှောက်ကြလျှင်၊

10 ကိုယ်တော်က၊ သင်တို့သည် ဘုရားသခင့်နိုင်ငံတော်၏ နက်နဲသောအရာတို့ကို သိရသောအခွင့်ရှိကြ၏။ ကြွင်းသောသူတို့မူကား၊ မြင်လျက်ပင် အာရုံမပြုဘဲမြင်၍၊ ကြားလျက်ပင်အနက်ကို နားမလည်ဘဲ ကြားရသည်တိုင်အောင် သူတို့အား ဥပမာအားဖြင့် ဟောရ၏။

11 ထိုဥပမာအနက်အဓိပ္ပါယ်ကား မျိုးစေ့သည် ဘုရားသခင်၏တရားစကားဖြစ်၏။

12 လမ်း၌ရှိသောသူကား၊ တရားစကားကို ကြားသည်ရှိသော်၊ ယုံကြည်ခြင်း၊ ကယ်တင်ခြင်းသို့ မရောက်စေခြင်းငှါ၊ မာရ်နတ်သည် လာ၍ တရားစကားကို နှလုံးထဲမှနှုတ်ယူသောသူကိုဆိုလိုသတည်း။