လုကာ 9:4-10 BJB

4 မည်သည့် အိမ်သို့ဝင်လျှင် ထိုအိမ်တွင် ထိုအရပ်မှ မထွက်မသွားမှီတိုင်အောင်နေကြလော့။ အကြင်သူတို့သည် သင်တို့အားဧည့်သည်ဝတ်ကို မပြုဘဲနေ၏။

5 ထိုသူတို့နေရာမြို့မှ ထွက်သွားစဉ်၊ သူတို့တဘက်၌ သက်သေဖြစ်စေခြင်းငှါ သင်တို့၏ခြေဘဝါးမှ မြေမှုန့်ကို ခါလိုက်ကြလော့ဟု မိန့်တော်မူ၏။

6 တပည့်တော်တို့သည် ထွက်သွား၍ ဧဝံဂေလိတရားကို ဟောလျက်၊ ခပ်သိမ်းသောအရပ်တို့၌ အနာရောဂါကိုငြိမ်းစေလျက်၊ မြို့ရွာတို့တွင် ဒေသစာရီ လှည့်လည်ကြ၏။

7 ယေရှုပြုတော်မူသမျှတို့ကို စော်ဘွားဟေရုဒ်သည်ကြားလျှင် တွေးတောသောစိတ်ရှိ၏။ အကြောင်းမူကား၊ လူအချို့က၊ ယောဟန်သည် သေခြင်းမှထမြောက်လေပြီဟု ဆိုကြ၏။

8 အချို့ကဧလိယပေါ်ထွန်းပြီဟု ဆိုကြ၏။ အချို့ကရှေးပရောဖက်တပါးပါးထပြန်ပြီဟုဆိုကြ၏။

9 ဟေရုဒ်မင်းကလည်း၊ ယောဟန်၏လည်ပင်းကို ငါဖြတ်လေပြီ။ ဤမျှလောက်သောသိတင်းကို ငါကြားရသော ဤသူကား အဘယ်သူနည်းဟုဆိုလျက်ယေရှုကို မြင်ခြင်းငှါ အလိုရှိ၏။

10 တမန်တော်တို့သည် အထံတော်သို့ပြန်လာ၍ မိမိတို့ပြုသမျှတို့ကို ကြားလျှောက်ကြ၏။ ကိုယ်တော်သည် သူတို့ကိုခေါ်၍၊ ဗက်ဇဲဒမြို့နယ်အတွင်း တော၌ဆိတ်ကွယ်ရာအရပ်သို့ကြွတော်မူ၏။ လူအစုအဝေးတို့ သည် သိလျှင် နောက်တော်သို့ လိုက်ကြ၏။