4 ကောင်းကင်တမန်တို့ရသော ဘွဲ့နာမထက် ထူးမြတ်သော ဘွဲ့နာမတော်ကို ခံရသည်နှင့်အညီ၊ ကောင်းကင်တမန်တို့ထက် ကြီးမြတ်သော သူဖြစ်တော်မူ၏။
5 အကြောင်းမူကား၊ သင်သည်ငါ့သားဖြစ်၏။ ယနေ့ပင် သင့်ကို ငါဖြစ်ဘွါးစေပြီဟူ၍၎င်း၊ ငါသည်သူ၏ အဘ ဖြစ်မည်၊ သူသည်လည်း ငါ၏သားဖြစ်လိမ့်မည် ဟူ၍၎င်း၊ အဘယ်မည်သော ကောင်းကင်တမန်ကို တခါမျှ မိန့်တော်မူသနည်း။
6 တနည်းကား၊ သားဦးကို ဤလောကသို့ သွင်းတော်မူသောအခါ၊ ဘုရားသခင်၏ ကောင်းကင် တမန်အပေါင်းတို့သည် ထိုသူကို ပြတ်ဝပ်ကိုးကွယ်ကြစေဟု လာသတည်း။
7 တနည်းကား၊ မိမိတမန်တို့ကို လေကဲ့သို့၎င်း၊ မိမိအစေအပါးတို့ကို မီးလျှံကဲ့သို့၎င်း၊ ဖြစ်စေတော်မူထ သောဟု ကောင်းကင်တမန်တို့ကို ရည်ဆောင်၍ ဆိုသတည်း။
8 သားတော်ကိုကား၊ အိုဘုရားသခင်၊ ကိုယ်တော်၏ ပလ္လင်သည် နိစ္စထာဝရပလ္လင် ဖြစ်ပါ၏။ ကိုယ်တော်၏ နိုင်ငံသည် တရားသဖြင့် စီရင်သော နိုင်ငံဖြစ်ပါ၏။
9 ကိုယ်တော်သည် ဖြောင့်မတ်ခြင်းတရားကို နှစ်သက်၍၊ မတရားသောအမှုကို မုန်းတော်မူ၏။ ထိုကြောင့် အိုဘုရားသခင်၊ ကိုယ်တော်၏ ဘုရားသခင်သည် ကိုယ်တော်၏ အပေါင်းအဘော်တို့ထက် ကိုယ်တော်ကို ချီးမြှောက်၍၊ ဝမ်းမြောက်ခြင်းဆီနှင့် ဘိသိက် ပေးတော်မူပြီဟု လာသတည်း။
10 တဖန် ကျမ်းစာလာသည်ကား၊ အိုထာဝရ ဘုရား၊ ကိုယ်တော်သည် ရှေးဦးစွာ၌ မြေကြီးကို တည်တော်မူပြီ။ မိုဃ်းကောင်းကင်သည်လည်း လက်တော်နှင့် ဖန်ဆင်းသောအရာ ဖြစ်ပါ၏။