ဟေ​ဗြဲ 3:1-4 BJB

1 ထိုသို့ဖြစ်လျှင်၊ ကောင်းကင်ဘုံနှင့်စပ်ဆိုင်သော ခေါ်ဘိတ်တော်မူခြင်းကျေးဇူးကို ခံရသောသူ၊ သန့်ရှင်းသော ညီအစ်ကိုတို့၊ ငါတို့ဝန်ခံသောတမန်တော်နှင့် ယဇ်ပုရောဟိတ်မင်းတည်းဟူသော ယေရှု၏ အကြောင်းကို စေ့စေ့ဆင်ခြင်ကြလော့။

2 မောရှေသည် ဘုရားသခင်၏ အိမ်တော်တအိမ်လုံး၌ သစ္စာစောင့်သကဲ့သို့၊ ယေရှုသည် မိမိကို ခန့်ထားတော်မူသောသူ၏ အမှုတော်၌ သစ္စာစောင့်တော်မူ၏။

3 အိမ်ကိုဆောက်သောသူသည် အိမ်ထက်သာ၍ ကြီးသောအသရေရှိသကဲ့သို့၊ ယေရှုသည် မောရှေထက် သာ၍ ကြီးသော အသရေကိုခံထိုက်သောသူဖြစ်သည်ဟု ထင်မှတ်စရာအကြောင်းရှိ၏။

4 အိမ်မည်သည်ကား၊ တစုံတယောက်သောသူ ဆောက်သောကြောင့်ဖြစ်၏။ အလုံးစုံတို့ကို တည်ဆောက်သောသူကား၊ ဘုရားသခင်ပေတည်း။