ဟေ​ဗြဲ 5:3-9 BJB

3 ထိုအကြောင်းကြောင့်လည်း၊ လူများအပြစ်နှင့် မိမိအပြစ်ကို ဖြေခြင်းငှါ ပူဇော်ရ၏။

4 ဘုရားသခင်သည် အာရုန်ကိုခေါ်တော်မူသကဲ့သို့ ခေါ်တော်မူသောသူမှတပါး၊ အဘယ်သူမျှ ထိုအရာမြတ်ကို မသိမ်းမယူရ။

5 ထိုနည်းတူ၊ ခရစ်တော်သည် ယဇ်ပုရောဟိတ်မင်းအရာ၌ မိမိကို မိမိချီးမြှောက်သည်မဟုတ်။ သင်သည် ငါ့သားဖြစ်၏။ ယနေ့ပင် သင့်ကို ငါဖြစ်ဘွားစေပြီဟု မိန့်တော်မူသောသူသည် ခရစ်တော်ကို ချီးမြှောက်တော်မူ၏။

6 ထိုသို့နှင့်အညီ ကျမ်းစာတချက်လာသည်ကား၊ သင်သည် မေလခိဇေဒက်နည်းတူ ထာဝရယဇ်ပုရောဟိတ်ဖြစ်သည်ဟု လာသတည်း။

7 ထိုခရစ်တော်သည် လူဇာတိအဖြစ်၌ နေစဉ်ကာလ၊ သေခြင်းမှ ကယ်လွှတ်နိုင်တော်မူသောသူကို၊ ကြီးစွာသော ကြွေးကြော်ခြင်း၊ မျက်ရည်ကျခြင်းနှင့် ဆုတောင်းပဌနာပြုသဖြင့်၊ ကြောက်ရွံရာအမှု၌ ချမ်းသာရသည်ဖြစ်၍၊

8 ဘုရားသခင်၏ သားတော်မှန်သော်လည်း၊ ဆင်းရဲဒုက္ခကို ခံသောအားဖြင့် နားထောင်ခြင်း အကျိုးအကြောင်းကို သင်တော်မူ၏။

9 ထိုသို့စုံလင်ခြင်းသို့ရောက်ပြီးမှ၊ ယုံကြည်နားထောင်သော သူအပေါင်းတို့အား ထာဝရကယ်တင်ခြင်း ကျေးဇူးကို ပြုသောသူဖြစ်တော်မူ၍။