4 အကြောင်းမူကား၊ ကိုယ်စိတ်သည် ကိုယ်ကို အပြစ်မတင်။ သို့သော်လည်း၊ ထိုအကြောင်းဖြင့် ငါသည် အပြစ်လွတ်သည်မဟုတ်။ ငါ့ကို စီရင်သောသူကား၊ ထာဝရဘုရားပေတည်း။
5 ထိုသို့ဖြစ်လျှင်မှောင်မိုက်၌ ဝှက်ထားသော အရာတို့ကို ပွင့်လင်း စေ၍ စိတ်နှလုံးအကြံအစည်များကို ထင်ရှားစေလတံ့သော သခင်ဘုရား ကြွလာတော်မမူမှီ တိုင်အောင် အဘယ်အမှုကိုမျှ အဆုံးအဖြတ် မစီရင် ကြနှင့်။ ကြွလာတော်မူသောအခါ၊ အသီးသီးတို့သည် ဘုရားသခင်ချီးမွမ်းတော်မူခြင်းကျေးဇူးကို ခံရကြလတံ့။
6 ညီအစ်ကိုတို့၊ သင်တို့သည် ကျမ်းစာကို လွန်၍ သူတပါးကို မရိုသေအပ်ဟု ငါတို့ကိုထောက်၍ နားလည် စေခြင်းငှါ၎င်း၊ မာနစိတ်ထောင်လွှားသည်နှင့် တယောက်ကိုမှီဝဲ၍ တယောက်ကိုငြင်းဆန်ခြင်း မရှိစေခြင်းငှါ၎င်း၊ ငါဆိုခဲ့ပြီးသောအချက်၌ သင်တို့၏ အကျိုးကို ထောက်၍ ငါနှင့်အာပေါလုကို ပုံဆောင်လျက် ဆိုသတည်း။
7 ထိုမှတပါး၊ အဘယ်သူသည် သင့်ကိုထူးခြားစေသနည်း။ သူတပါးလက်မှ မခံမယူဘဲ အလိုအလျောက် ရသော အရာတစုံတခုမျှ သင်၌ရှိသလော။ သူတပါးလက်မှ ခံယူသည်မှန်လျှင်၊ မခံမယူသကဲ့သို့ အဘယ်ကြောင့် ဝါကြွားသနည်း။
8 ယခုတွင် သင်တို့သည် ကြွယ်ဝကြ၏။ ငွေရ တတ်ကြ၏။ ငါတို့ မရှိစဉ်တွင်စိုးစံကြ၏။ ငါတို့သည် သင်တို့နှင့်အတူ စိုးစံရသော အခွင့်ရှိမည်အကြောင်း၊ သင်တို့ကို အမှန်စိုးစံစေခြင်းငှါ အလိုရှိ၏။
9 သတ်ဘို့ရာထားသောသူကဲ့သို့ အခြားသော သူများနောက်၌ တမန်တော်တည်းဟူသော ငါတို့ကို ဘုရားသခင်ထုတ်ပြတော်မူသည်ဟု ငါထင်၏။ အကြောင်းမူကား၊ ငါတို့သည် လောကီသားများနှင့် ကောင်းကင်တမန်များ မျက်မှောက်၌ ပွဲဝင်သောသူ ဖြစ်ကြ၏။
10 ငါတို့သည် ခရစ်တော်၏ အကြောင်းကြောင့် လူမိုက်ဖြစ်ကြ၏။ သင်တို့မူကား၊ ခရစ်တော်၌ ပညာရှိ ဖြစ်ကြ၏။ ငါတို့သည် အားနည်းသောသူ ဖြစ်ကြ၏။ သင်တို့မူကား၊ အစွမ်းသတ္တိနှင့် ပြည့်စုံသောသူ၊ အသရေ ရှိသောသူ ဖြစ်ကြ၏။ ငါတို့သည် အရှက်အကြောက် ခံရသော သူဖြစ်၍၊