၁ ကော 5:1-4 BJB

1 မတရားသောမေထုန်သာမညမဟုတ်၊ အဘ၏ မယားကို သိမ်းယူခြင်းတည်းဟူသော သာသနာပလူတို့ တွင်ပင် မကြားရသော မေထုန်၌မှီဝဲသော သူသည် သင်တို့တွင် ရှိကြောင်းကို အနှံ့အပြားကျော်စောကြ၏။

2 ထိုသို့ပြုသောသူကို သင်တို့အထဲမှ နှင်ထုတ်မည် အကြောင်း၊ စိတ်မသာ ညည်းတွားခြင်းကိုမပြု၊ မာန ထောင်လွှားလျက် နေကြ၏။

3 ထိုကြောင့် ငါသည် ကိုယ်ခန္ဓာအားဖြင့် သင်တို့နှင့်ကွာလျက် ရှိသော်လည်း၊ ဝိညာဉ်အားဖြင့် မကွာ၊ ကိုယ်တိုင်သင်တို့နှင့် အတူရှိသကဲ့သို့ ထိုသို့ကျင့်သောသူကို ယခုပင်ငါစီရင်ပြီ။

4 စီရင်ချက်ဟူမူကား၊ ငါတို့သခင်ယေရှုခရစ်၏ အခွင့်အားဖြင့် သင်တို့သည် ငါ့ဝိညာဉ်နှင့်အတူ စည်းဝေးပြီးမှ ငါတို့သခင် ယေရှုခရစ်၏ တန်ခိုးတော်ကို အမှီပြု၍၊