၁ ကော 6:1-6 BJB

1 သင်တို့သည် အချင်းချင်းအမှုရှိလျှင်၊ သန့်ရှင်းသူတို့ရှေ့၌ တရားစီရင်ခြင်းကို မခံဘဲသာသနာပ လူတို့ ရှေ့၌ ခံဝံ့သောသူတစုံတယောက်ရှိသလော။

2 သန့်ရှင်းသူတို့သည် လောကီနိုင်ငံကို တရား စီရင်မည်ဟု မသိကြသလော။ သင်တို့သည် လောကီနိုင်ငံ ကို စီရင်ရသည်မှန်လျှင်၊ အငယ်ဆုံးသော အမှုများကို မစီရင်ထိုက်သလော။

3 ငါတို့သည်ကောင်းကင်တမန်တို့ကို တရားစီရင်မည်ဟု မသိကြသလော။ သို့ဖြစ်၍ လောကီအမှုကို စီရင်ထိုက်သည်မဟုတ်လော။

4 ထိုကြောင့် သင်တို့သည် လောကီအမှုကို စီရင် စရာရှိလျှင်၊ အသင်းတော်၌ အသရေနည်းသောသူတို့ကို တရားသူကြီးအရာ၌ ခန့်ထားကြလော့။

5 ထိုသို့ဆိုသော်၊ သင်တို့ရှက်စေခြင်းငှါ ပြောဆို၏။ သင်တို့တွင် ပညာရှိတစုံတယောက်မျှ မရှိသလော။ ညီအစ်ကိုချင်းတို့၏ အမှုကို စီရင်ဆုံးဖြတ်နိုင်သောသူ တစုံတယောက်မျှမရှိသလော။

6 ညီအစ်ကိုချင်းတို့သည် တရားတွေ့သည် သာမက၊ မယုံကြည်သော သူတို့ရှေ့၌ပင် တရားတွေ့ပါ သည်တကား။