၁ တိ 2:9-15 BJB

9 ထိုနည်းတူ၊ မိန်းမတို့သည် ကျစ်သောဆံပင်၊ ရွှေတန်ဆာ၊ ကျောက်ပုလဲအဘိုးထိုက်သောအဝတ်နှင့် ကိုယ်ကို မဆင်ဘဲ၊ ရှက်ကြောက်ခြင်း၊ ဣန္ဒြေစောင့်ခြင်းအားဖြင့်၊ လျောက်ပတ်သော အဝတ်နှင့်၎င်း၊

10 ဘုရားသခင်အားရိုသေလေးမြတ်ခြင်းကို ဝန်ခံပြုစုသော မိန်းမဆင်သင့်သည်အတိုင်း ကောင်းသော အကျင့်နှင့်၎င်း၊ ကိုယ်ကို တန်ဆာဆင်စေခြင်းငှါ ငါအလိုရှိ၏။

11 မိန်းမသည်အုပ်စိုးခြင်းကို အစဉ်ဝန်ခံ၍ တိတ်ဆိတ်စွာသင်စေ။

12 မိန်းမသည်ဆုံးမဩဝါဒပေးခြင်း၊ ယောက်ျားကို အစိုးတရပြုစေခြင်း အခွင့်ကိုငါမပေး။ သူသည် တိတ်ဆိတ်စွာ နေအပ်၏။

13 အကြောင်းမူကား၊ အာဒံကို ရှေ့ဦးစွာ ဖန်ဆင်းတော်မူ၍၊ နောက်မှ ဧဝကိုဖန်ဆင်းတော်မူ၏။

14 ထိုမှတပါး၊ အာဒံသည်လှည့်ဖြားခြင်းကိုမခံ၊ မိန်းမသည် လှည့်ဖြားခြင်းကိုခံ၍ လွန်ကျူး၏။

15 သို့သော်လည်း၊ ဣန္ဒြေစောင့်ခြင်းနှင့်တကွ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သန့်ရှင်းခြင်း၌ တည်လျှင်၊ သားဘွားဖြင်းအမှု၌ ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။