၁ ယော 2:6-12 BJB

6 ထိုသခင်၌ငါတည်၏ဟုဆိုသောသူသည်၊ ထိုသခင်ကျင့်တော်မူသည်နည်းတူ ကျင့်ရမည်။

7 ချစ်သူတို့၊ သင်တို့အား ငါရေးထားသော ပညတ်သည် ပညတ်သစ်မဟုတ်။ ရှေ့ဦးစွာကပင် သင်တို့၌ ရှိသော ပညတ်ဟောင်းဖြစ်၏။ ပညတ်ဟောင်းကား၊ ရှေ့ဦးစွာကပင်သင်တို့ကြားရသော ဒေသနာတော်ဖြစ်၏။

8 တဖန်တုံ၊ ပညတ်သစ်ကို သင်တို့အား ငါရေးထား၏။ ထိုသခင်အားဖြင့်၎င်း၊ သင်တို့အားဖြင့်၎င်း၊ အသစ်မှန်ပေ၏။ အကြောင်းမူကား မှောင်မိုက်ပျောက်လွင့်၍ မှန်သောအလင်းသည် ထွန်းတောက်လျက်ရှိ၏။

9 မိမိညီအစ်ကိုကိုမုန်းလျက်ပင်၊ ငါသည် အလင်း၌ရှိ၏ ဟုဆိုသောသူသည်ယခုတိုင်အောင် မှောင်မိုက်၌ ရှိသေး၏။

10 မိမိညီအစ်ကိုကိုချစ်သောသူသည် အလင်း၌ တည်နေ၏။ ထိမိ၍ လဲစရာအကြောင်းသည်ထိုသူ၌မရှိ။

11 မိမိညီအစ်ကိုကို မုန်းသောသူသည် မှောင်မိုက်၌ရှိ၏။ မှောင်မိုက်၌လည်းကျင်လည်သွားလာ၏။ မှောင် မိုက်ကြောင့်သူ၏မျက်စိ မမြင်နိုင်သဖြင့်၊ အဘယ်အရပ်သို့ ကိုယ်သွားသည်ကိုကိုယ်မသိ။

12 ချစ်သားတို့၊ သင်တို့သည် ထိုသခင်၏ နာမတော်အားဖြင့် အပြစ်များနှင့်ကင်းလွတ်သောကြောင့်၊ သင်တို့အားငါရေး၍ပေးလိုက်၏။