၂ ကော 1:11-17 BJB

11 သင်တို့သည်ကူညီ၍ ငါတို့အဘို့ဆုတောင်းလျှင်၊ နောက်၌လည်း ကယ်လွှတ်တော်မူလတံ့ဟု ငါတို့သည် ယုံကြည်မျှော်လင့်ခြင်းရှိ၏၊ ထိုသို့ဖြစ်လျှင် အများသော သူတို့သည် ကူညီသောအားဖြင့် ငါတို့၌ ရောက်သော ကျေးဇူးကို အများသောသူတို့သည်ထောက်၍ ငါတို့အတွက်ကျေးဇူးတော်ကို ချီးမွမ်းကြလိမ့်မည်။

12 ငါတို့ဝါကြွားဝမ်းမြောက်ခြင်း အကြောင်း ဟူမူကား၊ လောကီ ပညာကိုအမှီမပြု၊ ဘုရားသခင်၏ ကျေးဇူးတော်ကို အမှီပြု၍ လျစ်လျူသောစိတ်နှင့်၎င်း၊ ဘုရားသခင် အလိုတော်ရှိသောကြည်ဖြူခြင်းနှင့်၎င်း၊ ငါတို့သည်ဤလောက၌ ကျင့်ကြံပြုမူ၍ သင်တို့ဆီမှာလည်း ထိုသို့အထူးသဖြင့် ကျင့်ကြံပြုမူသည်ဟု ကိုယ်ကို ကိုယ်သိသော စိတ်သည်သက်သေခံသတည်း။

13 သင်တို့သည်ဘတ်၍ ဝန်ခံသောအရာမှတပါး၊

14 အခြားသောအရာကို ငါတို့သည် ရေး၍ ပေးလိုက်သည်မဟုတ်။ သင်တို့သည် သခင် ယေရှုခရစ် ၏ နေ့၌ ငါတို့၏ဝါကြွားဝမ်းမြောက်ခြင်း အကြောင်းဖြစ် သကဲ့သို့၊ ငါတို့သည်သင်တို့၏ ဝါကြွားဝမ်း မြောက်ခြင်း အကြောင်းဖြစ်သည်ဟု သင်တို့သည်ငါတို့ကို အနည်း ငယ်အားဖြင့်ဝန်ခံသည်အတိုင်း အစဉ်ဝန်ခံကြလိမ့်မည်ဟု ငါတို့သည် မြော်လင့်လျက်နေကြ၏။

15 အစဉ်ဝန်ခံမည်ဟု ငါသဘောကျလျက်ရှိ၍၊ သင်တို့သည်တဖန် ဆုကျေးဇူးတော်ကိုခံရစေခြင်းငှါ ငါ သည်သင်တို့ဆီသို့အရင်လာမည်ဟု အကြံရှိ၏။

16 သင်တို့အနားမှာရှောက်၍ မာကေဒေါနိပြည် သို့သွားပြီးလျှင်၊ တဖန်မာကေဒေါနိပြည်မှ သင်တို့ နေရာသို့လာ၍၊ ယုဒပြည်တိုင်အောင် သင်တို့ပို့ခြင်း ကျေးဇူးကို ခံမည်ဟုအကြံရှိ၏။

17 ထိုသို့အကြံရှိသောအခါ လျှပ်ပေါ်သော စိတ်ရှိသလော။ သို့မဟုတ် ငါ့စကားမှာ ဟုတ်မှန်၏၊ ဟုတ်မှန်၏ဟူ၍၎င်း၊ မဟုတ်မမှန်၊ မဟုတ်မမှန်ဟူ၍၎င်း၊ ဖြစ်စေခြင်းငှါ ငါကြံစည်သောအရာကို ဇတိပကတိ အတိုင်း ကြံစည်သလော။