၂ ကော 3:8-14 BJB

8 ထိုမျှမက ဝိညာဉ်တော်တရားသည် ဘုန်းအာနုဘော်နှင့် အလွန်ပြည့်စုံရလိမ့်မည် မဟုတ်လော။

9 အပြစ်စီရင်တတ်သောတရားသည် ဘုန်းအာနုဘော်ရှိလျှင်၊ ထိုမျှမက ဖြောင့်မတ်စေတတ်သော တရား သည် ဘုန်းအာနုဘော်နှင့် သာ၍ ကြွယ်ဝပြည့်စုံလိမ့်မည်။

10 နောက်ဖြစ်သော ဘုန်းသည် အလွန်မြတ်သောကြောင့်၊ ဘုန်းရှိဘူးသော အရာသည် ဘုန်းကွယ်လျက် ရှိ၏။

11 ပယ်ရှင်းရသောအရာသည် ဘုန်းရှိလျှင်၊ တည်နေသောအရာသည်သာ၍ ဘုန်းရှိလိမ့်မည်။

12 ထိုသို့သော ယုံကြည်မြော်လင့်ခြင်းရှိသည်ဖြစ်၍ ငါတို့သည် တိမ်ဝှက်ခြင်း အလျှင်းမရှိ။ အတည်အလင်း ဟောပြောကြ၏။

13 ပယ်ရှင်းသောအရာ၏အဆုံးကို ဣသရေလအမျိုးသားတို့သည် စေ့စေ့မကြည့်ရှုစေခြင်းငှါ မောရှ သည် မိမိမျက်နှာကို ဖုံးအုပ်သကဲ့သို့ ငါတို့သည်မပြုကြ။

14 သူတို့စိတ်နှလုံးသည် မိုက်မဲလျက်ရှိ၍၊ ယခုတိုင်အောင် စမ္မကျမ်းစာကို ဘတ်ကြသောအခါ အနက် အဓိပ္ပါယ်သည် ဖုံးအုပ်လျက်ရှိ၏။ အကြောင်းမူကား၊ ခရစ်တော်အားဖြင့်သာ ထိုဖုံးအုပ်ခြင်း အကြောင်းကို ပယ်ရှင်းရ၏။