၂ ကော 8:13-19 BJB

13 ဤအမူရာ၌ အခြားသောသူတို့သည် ချမ်းသာရ၍ သင်တို့သည်ဆင်းရဲစေခြင်းငှါ ငါအကြံရှိသည် မဟုတ်။

14 များများရသောသူမပို။ နည်းနည်းရသော သူမလိုဟူသောကျမ်း စကားနှင့်အညီ၊

15 မျှခြင်းတရားကိုထောက်၍၊ ယခု၌ သင်တို့၏ စည်းစိမ်သည် သူတို့၏ဆင်းရဲကို မစသဖြင့်၎င်း၊ နောင်၌ သူတို့၏စည်းစိမ်သည် သင်တို့၏ဆင်းရဲကို မစသဖြင့် ၎င်း၊ အညီအမျှဖြစ်စေခြင်းငှါ ငါအကြံရှိ၏။

16 ထိုသို့သင်တို့၏ အကျိုးကိုပြုစုချင်သော စေတနာစိတ်ကို ဘုရားသခင်သည် တိတုအားလည်း ပေးတော်မူသော ကျေးဇူးတော်ကြီးလှပေ၏။

17 ထိုသူသည် ငါတိုက်တွန်းသောစကားကို နားထောင်သည်သာမက၊ အလွန်စေတနာစိတ် အားကြီး ၍ သင်တို့ဆီသို့ အလိုအလျောက်သွား၏။

18 ဧဝံဂေလိတရားကိုဟောပြော၍ အသင်းတော်အပေါင်းတို့၌ ချီးမွမ်းခြင်းကိုခံရသောညီကိုလည်း တိတုနှင့်အတူ ငါတို့စေလွှတ်ကြ၏။

19 ထိုညီမူကား၊ သခင်ဘုရား၏ ဂုဏ်အသရေတော်ကို၎င်း၊ ကိုယ်စေတနာစိတ်ကို၎င်း၊ ငါတို့သည် ထင်ရှားစေ၍၊ အသင်းတော်များ၏အလှူကျေးဇူးကို ပြုစုသည့်အမှုမှာ ငါတို့နှင့်အတူသွားစေခြင်းငှါ၊ အသင်းတော်တို့သည် ရွေးကောက်၍ ခန့်ထားသောသူ ဖြစ်သတည်း။