၂ သက် 1:4-10 BJB

4 ဖြစ်၍၊ သင်တို့သည် ညှဉ်းဆဲခြင်း၊ ဒုက္ခဆင်းရဲခြင်းကို ခံရသမျှတို့၌ သည်းခံ၍ ယုံကြည်ခြင်းရှိ သည်ကို ငါတို့သည် ထောက်၍၊ ဘုရားသခင်၏ အသင်းတော်များတွင် သင်တို့ကြောင့် ဝါကြွားကြ၏။

5 သင်တို့သည် ဘုရားသခင်၏နိုင်ငံတော်အတွက် ဆင်းရဲခံရ၍၊ ထိုနိုင်ငံတော်ကို ဝင်စားထိုက်သည်ဟု မှတ်တော်မူခြင်းကို ခံရစေခြင်းငှါ၊ တရားသဖြင့် ဘုရားသခင်စီရင်တော်မူခြင်းအမှုသည် ထိုသို့သောအားဖြင့် ထင်ရှားလျက်ရှိ၏။

6 အဘယ်သို့နည်းဟူမူကား၊ သခင်ယေရှုသည် တန်ခိုးရှိသော ကောင်းကင်တမန်တို့နှင့်အတူ၊ ကောင်းကင်ဘုံက ပေါ်ထွန်းတော်မူ၍၊

7 ဘုရားသခင်ကို မသိသောသူ၊ ငါတို့သခင်ယေရှုခရစ်၏ ဧဝံဂေလိ တရားကို နားမထောင်သောသူတို့ကို မီးလျှံအားဖြင့် ဒဏ်ပေးတော်မူသောအခါ၊ သင်တို့ကို ဆင်းရဲစေဘူးသော သူတို့၌ဆင်းရဲခြင်းကို၎င်း၊ ဆင်းရဲခံရဘူးသော သင်တို့၌ ငါတို့နှင့်အတူ ချမ်းသာခြင်းကို၎င်း၊

8 ဘုရားသခင် ဆပ်ပေး၍ တရားသဖြင့် စီရင်တော်မူလိမ့်မည်။

9 ထိုသခင်သည် မိမိသန့်ရှင်းသူတို့အားဖြင့် ဂုဏ်အသရေတော် ထင်ရှားခြင်းကို၎င်း၊ ငါတို့သက်သေကို သင်တို့သည် ယုံကြည်သည်ဖြစ်၍၊

10 ယုံကြည်သော သူအပေါင်းတို့အားဖြင့် အံ့ဩချီးမွမ်းခြင်းကို၎င်း၊ ခံအံ့သောငှါ ကြွလာတော်မူသောနေ့ရက်၌၊ ထိုသူတို့သည် သခင်ဘုရား၏ မျက်နှာတော်နှင့်၎င်း၊ တန်ခိုးရှိသော ဘုန်းတော်နှင့်၎င်းကွာ၍ ထာဝရပျက်စီးခြင်းတည်းဟူသော အပြစ်ဒဏ်ကို ခံရကြလတံ့၊