ဇာ​ခ​ရိ 13:6-9 BJB

6 သူတပါးကလည်း၊ သင့်လက်၌ ပေါ်သော ဒဏ်ရာကား၊ ကျွန်ုပ်၏ အဆွေခင်ပွန်းအိမ်၌ ခံရသော ဒဏ်ရာဖြစ်ပါသည်ဟု ပြန်ပြောလိမ့်မည်။

7 ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့် တော်မူသည်ကား၊ အိုထား၊ ငါ၏သိုးထိန်းတဘက်၊ ငါ၏ အပေါင်းအဘော်ဖြစ်သောသူတဘက်၌ နိုးလော့။ သိုး ထိန်းကို ရိုက်သတ်လော့။ သို့ပြုလျှင်၊ သိုးတို့သည် ကွဲလွင့်ရ ကြလိမ့်မည်။ သိုးသငယ်တို့အပေါ်၌လည်း ငါသည် ငါ့ လက်ကို တင်ဦးမည်။

8 ထာဝရဘုရား မိန့်တော်မူသည်ကား၊ တပြည်လုံး သုံးစုတွင် နှစ်စုကို ပယ်ဖြတ်၍ အသေခံရသဖြင့်၊ တစုသာ ကျန်ကြွင်းရလိမ့်မည်။

9 ထိုတစုကို မီးအလယ်သို့ ငါရှောက်သွားစေမည်။ ငွေကို ချွတ်သကဲ့သို့ ချွတ်မည်။ ရွှေကို စုံစမ်းသကဲ့သို့ စုံစမ်းမည်။ သူတို့သည် ငါ့နာမကို ပဌနာပြု၍ ငါနား ထောင်မည်။ သူတို့ကို ငါ၏လူမျိုးဟူ၍ ငါခေါ်ဝေါ်မည်။ သူတို့ကလည်း၊ ထာဝရဘုရားသည် ငါတို့၏ဘုရားသခင် ဖြစ်တော်မူ၏ဟု ဝန်ခံကြလိမ့်မည်။