ဇာ​ခ​ရိ 2:9-13 BJB

9 သူတို့ကို ငါတိုက်၍ သူတို့၏ ကျွန်များသည် လုယူဖျက်ဆီးကြလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ငါ့ကို စေလွှတ်တော်မူသည်ကို သင်တို့ သိရကြလိမ့်မည်။

10 အို ဇိအုန်သတို့သမီး၊ သီချင်းဆို၍ ရွှင်လန်း လော့။ ငါလာ၍ သင့်အလယ်၌နေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။

11 ထိုကာလ၌ လူမျိုးအများတို့သည် ထာဝရဘုရား ဘက်သို့ ဝင်စား၍ ငါ၏လူဖြစ်ကြလိမ့်မည်။ သင့်အလယ် ၌ ငါနေမည်။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား သည် ငါ့ကို သင့်ဆီသို့ စေလွှတ်တော်မူသည်ကို သင်သိရ လိမ့်မည်။

12 ထာဝရဘုရားသည် သန့်ရှင်းသော ပြည်၌ မိမိ အဘို့ ယုဒပြည်ကို အမွေခံ၍ တဖန် ယေရုရှလင်မြို့ကို ရွေးချယ်တော်မူလိမ့်မည်။

13 အိုလူသတ္တဝါအပေါင်းတို့၊ ထာဝရဘုရား ရှေ့ တော်၌ ငြိမ်ဝပ်စွာနေကြလော့။ သန့်ရှင်းသော ကျိန်းဝပ် ရာဌာနတော်၌ ထတော်မူပြီ။