ဇာ​ခ​ရိ 4:10-14 BJB

10 အမှုငယ်ပြုသော နေ့ရက်ကို အဘယ်သူသည် မထီမဲ့မြင်ပြုရသနည်း။ ချိန်ကြိုးသည် ဇေရုဗဗေလလက် ၌ ရှိသည်ကို ထိုခုနစ်ပါးတို့သည် မြင်၍ ဝမ်းမြောက်ကြ လိမ့်မည်။ ထိုခုနစ်ပါးတို့ကား၊ မြေကြီးတပြင်လုံးတွင် တောင်မြောက်ပြေးတတ်သော၊ ထာဝရဘုရား၏မျက်စိ တော်များဖြစ်သတည်းဟု မိန့်တော်မူ၏။

11 ငါကလည်း၊ မီးခုံလက်ျာဘက်၊ လက်ဝဲဘက်၌ ရှိသော ထိုသံလွင်ပင်နှစ်ပင်ကား အဘယ်သို့နည်းဟူ၍ ၎င်း၊

12 ဆီညှစ်ရာရွှေစက်နှစ်ခုအားဖြင့်၊ မိမိတို့ဆီကို သွန်းလောင်းသော ထိုသံလွင်ကိုင်းနှစ်ကိုင်းကား အဘယ် သို့နည်းဟူ၍၎င်း မေးလျှောက်သော်၊

13 ကောင်းကင်တမန်က၊ ထိုအကိုင်းတို့ကို နား မလည်သလောဟုမေးလျှင်၊ အကျွန်ုပ်နားမလည်ပါသခင် ဟု လျှောက်၏။

14 ကောင်းကင်တမန်ကလည်း၊ ထိုအကိုင်းတို့သည် မြေကြီးတပြင်လုံးကို အစိုးပိုင်တော်မူသော အရှင်၏ ရှေ့တော်၌ ရပ်နေသော ဘိသိက်ခံသူနှစ်ပါးဖြစ်သည်ဟု ဆို၏။