ဇာ​ခ​ရိ 9:1-4 BJB

1 ထာဝရဘုရား၏ဗျာဒိတ် နှုတ်ကပတ်တော်သည် ဟာဒရက်ပြည်နှင့် ဒမာသက်မြို့၌ သင့်ရောက်ပေ၏။ ထာဝရဘုရားသည် လူမျိုးကို၎င်း၊ ဣသရေလအမျိုးအနွယ်အပေါင်းတို့ကို၎င်း ကြည့်ရှုလျက် ရှိတော်မူ၏။

2 ထိုပြည်နှင့် နီးစပ်သော ဟာမတ်ပြည်၌၎င်း၊ တုရုမြို့သည် လိမ္မာသောကြောင့် ထိုမြို့နှင့် ဇိဒုန်မြို့၌၎င်း သင့်ရောက်ပေ၏။

3 တုရုမြို့သည် မိမိအဘို့ ရဲတိုက်ကို တည်ဆောက် ၍၊ ငွေကို မြေမှုန့်ကဲ့သို့၎င်း၊ ရွှေစင်ကိုလမ်း၌ရှိသော ရွံ့ ကဲ့သို့၎င်း စုပုံသော်လည်း၊

4 ထာဝရဘုရားသည် သူတပါးလက်သို့ သူ့ကိုအပ် ၍၊ သူ့ခွန်အားကို ပင်လယ်ထဲသို့ ချတော်မူသဖြင့်၊ မြို့ သည် မီးဖြင့် ကျွမ်းလောင်လိမ့်မည်။