ဇေဖနိ 1:5-11 BJB

5 ကောင်းကင်တန်ဆာများကို အိမ်မိုးပေါ်မှာ ကိုးကွယ်သောသူ၊ ထာဝရဘုရားနှင့် မာလခံဘုရားကို တိုင်တည်လျက် ကျိန်ဆိုကိုးကွယ်သော သူတို့ကို၎င်း၊

6 ထာဝရဘုရား၏နောက်တော်သို့မလိုက်၊ ဆုတ်သွားသောသူ၊ ထာဝရဘုရားကို မရှာဖွေ၊ မမေးမြန်းသော သူတို့ကို၎င်း ငါပယ်ရှင်းမည်။

7 အရှင်ထာဝရဘုရား၏ရှေ့တော်၌ ငြိမ်သက်စွာ နေကြလော့။ ထာဝရဘုရား၏နေ့နီးပြီ။ ထာဝရဘုရားသည် မိမိယဇ်ပွဲတော်ကို ပြင်ဆင်၍၊ ပွဲဝင်သော သူတို့ကို သန့်ရှင်းစေတော်မူပြီ။

8 ထာဝရဘုရားပွဲခံတော်မူသော နေ့၌ မင်းများ၊ ဆွေတော်မျိုးတော်များနှင့် ထူးခြားစွာ ဝတ်သောသူများ အပေါင်းတို့ကို ငါစစ်ကြောမည်။

9 သူတပါး၏အိမ်တံခါးခုံကို ကျော်၍ အနိုင်အထက်ပြုခြင်း၊ လှည့်စားခြင်းအားဖြင့်ရသော ဥစ္စာနှင့် မိမိသခင်၏ အိမ်ကို ပြည့်စေသောသူအပေါင်းတို့ကိုလည်း ထိုနေ့၌ ငါစစ်ကြောမည်။

10 ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုနေ့၌ ငါးတံခါးဝမှာ အော်ဟစ်သံကို၎င်း၊ ဒုတိယမြို့၌ ငိုကြွေး မြည်တမ်းသံကိုင်း၊ တောင်ရိုး၌ ပြင်းစွာချိုးဖျက်သံကို၎င်း ကြားရ၏။

11 မတ္တေရှအရပ်သားတို့၊ ငိုကြွေးမြည်တမ်းကြလော့။ ကုန်သည်အပေါင်းတို့သည် ပြတ်ကြပြီ။ ငွေကို ဆောင်သောသူအပေါင်းတို့သည် ဆုံးကြပြီ။