ဒေသနာကျမ်း။ 12:5-11 BJB

5 ထိုကာလ၌ မြင့်သောအရာတို့ကို ကြောက်ကြ လိမ့်မည်။ လမ်း၌ဘေးတွေ့မည်ဟု ထင်ကြလိမ့်မည်။ ဗာတံပင်ပွင့်လိမ့်မည်။ ကျိုင်းကောင်သည် မိမိ၌မိမိ လေးလိမ့်မည်။ အလိုဆန္ဒလျော့လိမ့်မည်။ အကြောင်းမူ ကား၊ လူသည်ထာဝရနေရာသို့ သွားဆဲရှိ၍၊ ငိုခြင်းသည် တို့သည် လမ်းတို့၌ လှည့်လည်ကြ၏။

6 ငွေကြိုးပြုတ်ခြင်း၊ ရွှေဖလားကွဲခြင်း၊ စမ်းရေတွင်း ၌ ရေပုံးပေါက်ခြင်း၊ ရေကျင်းနားမှာစက်ကျိုးခြင်း အခြင်း အရာတို့သည် ဖြစ်ကြလိမ့်မည်။

7 ထိုကာလ၌ မြေမှုန့်သည် နေရင်းမြေသို့၎င်း၊ ဝိညာဉ်သည် အရင်ပေးတော်မူသော ဘုရားသခင့်ထံသို့ ၎င်း ပြန်သွားရလိမ့်မည်။

8 အနတ္တသက်သက်၊ အလုံးစုံတို့သည် အနတ္တဖြစ် ကြသည်ဟု ဓမ္မဒေသနာဆရာဟော၏။

9 ဓမ္မဒေသနာဆရာသည် ပညာရှိသည်အတိုင်း၊ ပရိသတ်တို့အား ပညာအတတ်ကို သွန်သင်လေ့ရှိ၏။ လုံ့လဝိရိယပြုလျက် များစွာသော သုတ္တံစကားတို့ကို ရှာဖွေ၍စီရင်၏။

10 ဓမ္မဒေသနာဆရာသည် နားထောင်ဘွယ်သော စကားကိုရှာ၍၊ ရေးထားချက်စကားသည် ဖြောင့်မတ် သောစကား၊ သမ္မာစကားဖြစ်၏။

11 ပညာရှိသောသူ၏စကားသည် တုတ်ချွန်နှင့် ၎င်း၊ တပါးတည်းသော သိုးထိန်းကြီးအပ်ပေတော်မူ၍၊ ပရိသတ်အုပ်တို့ ရိုက်ထားသောသံချွန်နှင့်၎င်း တူ၏။