ဒေသနာကျမ်း။ 3:12-18 BJB

12 ရွှင်လန်းခြင်းအမှုနှင့် အသက်ရှင်စဉ်တွင် ကျေးဇူးပြုခြင်းအမှုမှတပါး အခြားသောအမှုအရာတို့၌၊ အကျိုးကျေးဇူးမရှိသည်ကို ငါသိ၏။

13 လူတိုင်းစားသောက်ခြင်းငှါ၎င်း၊ မိမိကြိုးစား အားထုတ်သမျှသောအမှု၌ ပျော်မွေ့ခြင်းငှါ၎င်း၊ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်သာ အခွင့်ရှိ၏။

14 ဘုရားသခင်ပြုတော်မူသမျှသောအမှုသည် နိစ္စ ထာဝရဖြစ်သည်ကို ငါသိ၏။ ထပ်၍မပြုနိုင်ရာ။ နှုတ်၍ မယူနိုင်ရာ။ လူတို့သည် ရှေ့တော်၌ ကြောက်ရွံ့မည်အကြောင်း၊ ဘုရားသခင်ပြုတော်မူ၏။

15 ဖြစ်ဘူးသောအရာသည် ယခုဖြစ်သောအရာနှင့် တူ၏။ ဖြစ်လတံ့သောအရာသည်လည်း၊ ဖြစ်ဘူးသော အရာနှင့်တူ။ လွန်ပြီးသောအရာတို့ကိုလည်း ဘုရားသခင်တောင်းပြန်တော်မူ၏။

16 ထိုမှတပါး၊ နေအောက်မှာ တရားစီရင်ရာအရပ်၌ အဓမ္မအမှုရှိသည်ကို၎င်း၊ ဖြောင့်မတ်ရာအရပ်၌ ဒုစရိုက်ရှိသည်ကို၎င်း ငါမြင်ပြီ။

17 ဘုရားသခင်သည် ဖြောင့်မတ်သောသူတို့၏အမှုနှင့်၊ မတရားသောသူတို့၏အမှုကို စစ်ကြောစီရင်တော်မူမည်ဟု ငါအောက်မေ့၏။ အကြောင်းမူကား၊ ခပ်သိမ်းသောအကြံ၊ ခပ်သိမ်းသော အမှုတို့ကို စစ်ကြောစီရင်ရသော အချိန်ရှိ၏။

18 လူသားတို့နေရာကို ရည်မှတ်၍ ငါအောက်မေ့သည်ကား၊ လူတို့ကို ဘုရားသခင် စုံစမ်းတော်မူမည်အကြောင်းနှင့်၊ သူတို့သည် တိရစ္ဆာန်ကဲ့သို့ဖြစ်သည်ကို သူတို့သိမြင်မည်အကြောင်း၊ နေရာကျသတည်း၊