ဒံ​ယေ​လ 2:1-4 BJB

1 နေဗုခဒ်နေဇာမင်းသည် နန်းစံနှစ်နှစ်တွင်၊ အိပ်မက်ကို မြင်တော်မူ၍ ထိတ်လန့်ခြင်း စိတ်ရှိသော ကြောင့်၊ စက်တော်မခေါ်နိုင်သည်ဖြစ်၍၊

2 အိပ်မက်တော်ကို ပြန်ပြောစေခြင်းငှါ မာဂု ပညာရှိ၊ ဗေဒင်တတ်၊ သူပြုဆရာ၊ ခါလဒဲဆရာတို့ကို ခေါ်ချေဟု အမိန့်တော်ရှိသည်အတိုင်း၊ သူတို့သည် အထံတော်သို့ ရောက်လာကြသည်ရှိသော်၊

3 ရှင်ဘုရင်က၊ ငါသည် အိပ်မက်ကိုမြင်ပြီ။ ထိုအိပ်မက်ကိုမသိ၊ နားမလည်သည်ဖြစ်၍ စိတ်မအီ မသာရှိသည်ဟု မိန့်တော်မူ၏။

4 ခါလဒဲပညာရှိတို့ကလည်း၊ အရှင်မင်းကြီး၊ အသက်တော်အစဉ်အမြဲ ရှင်ပါစေ။ အကျွန်ုပ်တို့အား အိပ်မက်တော်ကို မိန့်တော်မူပါ။ အကျွန်ုပ်တို့သည် အနက်ကို ဘော်ပြပါမည်ဟု၊ ရှုရိဘာသာဖြင့် လျှောက် ကြ၏။